ရန်ကုန်၊မန္တလေး ကျပ်(၅)သိန်းတန် CDMA 800 MHz ဖုန်းများ တစ်နိုင်ငံလုံးပြောနိုင်ပြီ

 

800mhz_0.jpg

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန် နှင့် မန္တလေးမြို့များတွင် ကျပ်(၅)သိန်း ဖြင့် ငှားရမ်းခွင့် ချထားပေးခဲ့သော Wireless Auto Telephone CDMA 800 MHz တယ်လီဖုန်းများအား အောက်တိုဘာလ မှစ၍ နယ်မြေ ကန့်သတ် ချက် ကျော်လွန် သုံးစွဲခွင့်အား အဆိုပါ ဖုန်းများ တပ်ဆင် အသုံးပြုခွင့်ပြုခဲ့သော ရန်ကုန် ၊နေပြည်တော်၊ မန္တလေးမြို့များတွင် စတင် ခွင့်ပြုခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုခွင့် အားယနေ့မှစ၍ ခွင့်ပြု လိုက်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အတည် ပြုပြော ကြားပါသည်။ ထိုသို့ ခွင့်ပြုလိုက်သဖြင့် ရန်ကုန်တွင် 01-73****** နှင့် မန္တလေးတွင် 02-91****** ဖြင့်ခွင့်ပြု ခဲ့သော ဖုန်းများအားလုံး လက်ရှိတွင် Area Code 01,02 ဖြင့်သာ အသုံးပြုနိုင်သော်လည်းနောက်ပိုင်းတွင် 09 Mobile Code အသုံးပြု၍ လက်ရှိနံပါတ်အတိုင်း CDMA 450MHz အသုံးပြုနိုင်သော မြို့တိုင်း၌ ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ CDMA 800 MHz ဖုန်းများအား 450 MHz အတွင်း Roaming ဖွင့်၍ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး CDMA 800 MHz SIM CARD အား 450 MHz Hand Set တွင် ပြောင်းလဲ ထည့်သွင်းလိုက်ပါက Auto အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင်က အဆိုပါ CDMA 800 MHz ဖုန်းများအား ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် Auto ဖုန်းများအစား 01,02 Area Code နံပါတ်များဖြင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် ကြိုးဖုန်းခေါ် Auto ဖုန်းကွန်ရက် တိုးချဲ့ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ယခုကဲ့သို့ Roaming ဖွင့်၍ ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ CDMA 800 MHz ဖုန်းများအား ယနေ့ချိန်ထိ အဆိုပါ မြို့ကြီး (၂)မြို့တွင် အလုံးရေ တစ်သိန်းခွဲခန့် ချထားပေးခဲ့ပြီးဖြစ်ရာ နောက်ထပ် အလုံးရေ တစ်သိန်းခွဲခန့် ထပ်မံချထားပေးနိုင်သည်ဟု အလုံဆက်သွယ်ရေးရုံးမှ ပြောကြားပါသည်။ ထိုသို့ Roaming ခွင့်ပြုလိုက်ခြင်းဖြင့် CDMA ကွန်ရက် တည်ရှိရာ မြို့ပေါင်း (၂၁၅) မြို့တွင် ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ CDMA ဖုန်းများအား အင်တာနက် အသုံးပြုနိုင်ရန် EVDO နည်းပညာဖြင့် ၀န်ဆောင်မှု ပေးမည်ဖြစ်ပြီး ယခုအခါ စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်နေဆဲဖြစ်၍ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဟု သိရှိရပါသည်။