This content requires Adobe Flash Player 8

Download Adobe Flash

  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About

 

       HOME

       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US

About

နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုး
တက်မှုအတွက်အခြေခံဖြစ်သည်ဟု ခံယူထားသည်နှင့်အညီပြည်တွင်းရှိ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကို ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကိုအသုံးပြု၍ ပိုမို အရည်အသွေးမြင့်မား
သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ICT ကဏ္ဍတွင်ဒေ
သတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၌လည်း တိုးတက်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော် ဆက်သွယ်
ရေးနှင့် အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင်
နိုင်ငံကိုယ်စားပြုပေးရသည့် အဖွဲ့အစည်းမှာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနပင် ဖြစ်ပါသည်။

ဌာန၏ ရည်မှန်းချက်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အောက်ပါအဓိက တာဝန်များကို ဆက်သွယ်ရေး၊
စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ကိုယ်စား ဆောင်ရွက်ရန် ဖြစ်ပါသည်။-
(က) စာပို့တိုက်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတို့ကို ဥပဒေဖြင့် ကြီးကြပ်ခြင်း။
(ခ)  ဆက်သွယ်ရေးနှင့် အိုင်စီတီ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အထူးအဖွဲ့အ
       စည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ) အာရှပစိဖိတ် ကြေးနန်း ဆက်သွယ်ရေး
       အကျိုးတူအဖွဲ့ (အေပီတီ)၊ ကမ္ဘာ့စာပို့တိုက် သမဂ္ဂ (ယူပီယူ)၊ အာရှနှင့် ပစိဖိတ်စာပို့တိုက် အကျိုးတူအဖွဲ့ (အေပီပီယူ) တို့အပြင် အာ
       ဆီယံ အသင်းချုပ်တို့နှင့် ဆက်သွယ်ရေးနှင့် အိုင်တီ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်း။
(ဂ)  ဆက်သွယ်ရေးနှင့် ရေဒီယို လိုင်စင်အမျိုးမျိုးအတွက် လိုင်စင်အခွန်အခများ စည်းကြပ်ကောက်ခံခြင်း။
(ဃ) ရေဒီယိုလေလှိုင်းနှုန်း စီမံခန့်ခွဲသတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း။
(င)   ရေဒီယိုလေလှိုင်းနှုန်း စီမံခန့်ခွဲ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း။
(စ)   မြန်မာနိုင်ငံအတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးလုပ်ငန်းများ e-government, e-commerce လုပ်ငန်းများ
        တိုးတက်ဖြစ်ထွန်းနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကြီးကြပ်ပေးခြင်း။
(ဆ) ဆက်သွယ်ရေးနှင့် အိုင်တီ ဝန်ဆောင်မှုများ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့် ရရှိစေရန်အတွက် လိုအပ်သည့် လိုင်စင်များကို ဝန်ကြီး
        ဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်ပေးခြင်း။

စာပို့တိုက်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း၊ ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းတို့ကို ဥပဒေဖြင့် ကြီးကြပ်ခြင်း
(က) စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဥပဒေများလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာပို့
        တိုက် အဖွဲ့အစည်းများက သဘောတူရေးဆွဲထားသော စည်းမျဉ်း ဥပဒေများနှင့် အညီဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း။
(ခ)   တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေများ၊ ဆက်သွယ်ရေးစက်ပစ္စည်းများဆိုင်ရာ ဥပဒေများ လုပ်ထုံးလုပ်နည်းများ
        ထုတ်ပြန်ခြင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့အစည်းများက ရေးဆွဲထားသော
        စည်းမျဉ်း ဥပဒေများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း။
(ဂ)   ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်
        ဆိုင်ရာ ရေဒီယို ဆက်သွယ်ရေး အဖွဲ့အစည်းများနှင့် သဘောတူရေးဆွဲထားသော စည်းမျဉ်းဥပဒေများနှင့် အညီ ဆောင်ရွက်စေ
        ခြင်း၊ ကြီးကြပ်ခြင်း။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာ ဆက်
သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးမှု၊ စာပို့တိုက်လုပ်ငန်းတွင် နိုင်ငံတကာနှင့် ညှိနှိုင်းပြီး စာပို့လုပ်ငန်း ချောမွေ့တိုး
တက်စေမှု၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ကြီးကြပ်ပေးမှုစသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်
ရန်အတွက် အောက်ပါ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါဝင်ညှိနှိုင်း ဆက်သွယ် ဆောင်ရွက်
ရခြင်း-
(က) အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ)
(ခ)   အာရှပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအကျိုးတူအဖွဲ့ (အေပီတီ)
(ဂ)   ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)
(ဃ) အာရှနှင့်ပစိဖိတ် စာပို့တိုက် အကျိုးတူအဖွဲ့ (အေပီပီယူ)
(င)   အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် ဆက်စပ်သော အဖွဲ့အစည်းများ

 လိုင်စင်အမျိုးမျိုးအတွက် လိုင်စင် အခွန်ကောက်ခံခြင်း
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရရှိရန်အတွက် ဆက်သွယ်ရေး စက်ပစ္စည်းဆိုင်ရာ လိုင်စင်
အမျိုးမျိုး ထုတ်ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်၍ ဆောင်ရွက်ရခြင်း။

ရေဒီယိုအော်ပရေတာ စာမေးပွဲစစ်ဆေးခြင်း
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) ၏ ပြဋ္ဌာန်းချက်များ နှင့်
အညီ နိုင်ငံတကာအဆင့်အတန်းမီ ရေဒီယိုအော်ပရေတာ လက်မှတ်အမျိုးမျိုးကို ထုတ်ပေးရခြင်း။

ရေဒီယိုလေလှိုင်း သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း
တိုးတက် ပြောင်းလဲလာသော  ဆက်သွယ်ရေး စနစ်သစ် အရ ရေဒီယိုလှိုင်းနှုန်း အသုံးပြုခြင်း အခန်းကဏ္ဍသည် အရေးပါသော အခန်း
ကဏ္ဍတွင် ပါဝင်ပေသည်။ သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ်မှ နိုင်ငံအသီးသီး၏ အသုံးပြု လေလှိုင်းကို
မှတ်ပုံတင်ခြင်း၊ ခွဲဝေသတ်မှတ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ကြီးကြပ်စစ်ဆေးပေးခြင်း သုတေသနပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်
ရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွင်းရှိ ဌာနဆိုင်ရာ သံတမန်ရေးရာ အဖွဲ့အစည်းများ အသုံးပြုသော ဆက်သွယ်ရေး လွှင့်ဖမ်းစက်
များ၏ ရေဒီယိုလေလှိုင်းများကို သတ်မှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်၏ သတ်မှတ် ပြဋ္ဌာန်းချက်
နှင့် အညီ ရေဒီယိုလေလှိုင်းများ မှတ်ပုံတင်ခြင်း၊ ညှိနှိုင်းပေးခြင်း ခွင့်ပြုထားသော လေလှိုင်းများကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲမှု ရှိ-
မရှိ စိစစ်ရန်နှင့် စက်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရေးအတွက် ထိန်းကျောင်းနိုင်ရန် လေလှိုင်းတိုင်းတာ စစ်ဆေးရေးလုပ်ငန်း ဆောင်
ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ရပါသည်။

 

« previous 1,2,3 ,next »

 

Online Service

* EMS
* Telephone Dir
* E Telegram

Office Of The Minister

* About
* Video
* News
* Policy
* Photo Album
* Contact Information

PTD

* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us

MPT

* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us

  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.