This content requires Adobe Flash Player 8
ဆက်သွယ်ရေး ၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
နိဒါန်း
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် အရေးပါအရာရောက်လှသော ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် စာတိုက်လုပ်ငန်း၊ ကြေးနန်းလုပ်ငန်း နှင့် တယ်လီဖုန်းလုပ်ငန်းများကို ပြည်သူ အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော ဌာနကြီးတစ်ခု ဖြစ်ပါသည်။
စတင်မှုသမိုင်းအကျဉ်း
မြန်မာနိုင်ငံသည် ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနှင့် ခွဲထွက်ပြီးနောက် မြန်မာနိုင်ငံ၏ သီးခြား စာတိုက်နှင့်ကြေးနန်း ညွှန်ကြားရေး ၀န်ချုပ်ရုံးကို
စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ် မှစ၍ စာတိုက်နှင့် ကြေးနန်းကိုခွဲ၍ စာတိုက်ဌာနနှင့် ကြေးနန်းဌာန ဟူ၍ ဌာန (၂) ခု အဖြစ် သီး
ခြားဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် ၂၅-၂-၆၀ နေ့ တွင် စာတိုက်နှင့် ကြေးနန်းဌာနကို ပြန်လည်ပူးပေါင်းပြီး၊ စာတိုက်နှင့်
ကြေးနန်းဌာန ဟူ၍ ခေါ်ဝေါ်ဖွဲ့ စည်းခဲ့ပါသည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင်၊ စာတိုက်နှင့် ကြေးနန်းဌာနကို စီးပွားရေးဆန်ဆန်
ဆောင်ရွက်နိုင်စေရန်အတွက် ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ၁၅-၃-၇၂ နေ့ တွင် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါသည်။
ယခုအခါတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အောက်တွင် ပါဝင်သော အဖွဲအ
စည်းတစ်ခုဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာတိုက်လုပ်ငန်းကို သမိုင်းများအရ၊ စစ်တွေ စာတိုက်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့်မြန်
မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို စတင်ခဲ့သည်ဟု သိရှိခဲ့ရပါသည်။ စာတိုက်လုပ်ငန်း၏ ၁၉၈၇-၈၈ ခုနှစ် ကာလအထိသမိုင်းနှင့် အချက်
အလက်များကို တင်ပြထားပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေးနန်းလုပ်ငန်းကို ဆယ်မျူရယ်မော့(စ်) (Semuel Morse) မှ ကြေးနန်းရိုက်ကြားသည့်နည်းကိုစတင်
တီထွင်ပြီး (၁၀) နှစ်ခန့် အကြာ ၁၈၅၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင် အသုံးပြုခဲ့ကြောင်းကို အထောက်အထားများအရ တွေ့ရှိခဲ့ပါ
သည်။ ကြေးနန်းဆက်သွယ်ရေး၏ ၁၉၈၇-၈၈ ခုနှစ် ကာလအထိ သမိုင်းအချက်အလက်များကို တင်ပြထားပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းလုပ်ငန်းကို အဲလက်စ်ဇင်ဒါ ဂရေဟမ်ဘဲလ် (Alexandar Graham Bell) မှ တယ်လီဖုန်းကို
၁၈၇၆ ခုနှစ်တွင် တီထွင်ပြီနောက် (၈) နှစ်အကြာ ၁၈၈၄ခုနှစ်၊ မတ်လ (၄) ရက်နေ့ တွင် ရန်ကုန်မြို့တွင် စတင် အသုံးပြုခဲ့ကြောင်းမှတ်
တမ်းများအရ သိရှိရပါသည်။ တယ်လီဖုန်းလုပ်ငန်း၏ ၁၉၈၇-၈၈ ခုနှစ် ကာလအထိ သမိုင်းနှင့်အချက်အလက်များကို တင်ပြထားပါသည်။
ရည်ရွယ်ချက်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အဓိကအားဖြင့် စာတစ်စောင် ကြေးနန်းတစ်စောင်နှင့် တယ်လီဖုန်း ဆက်သွယ်မှုတစ်ခုကို အမြန်ဆုံးနှင့် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဆက်သွယ်သူနှစ်ဦးအား ပိုဆောင်ဆက်သွယ်ပေးလျက် ပြည်သူအများ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့် ခွဲရေး စသည်များကို ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဖွဲ့ စည်းထားရှိသော ဌာနတစ်ခုဖြစ်ပါသည်။
ဌာန၏ဖွဲ့ စည်းပုံ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့ စည်းပုံအရ ၂၀၁၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလအထိ အရာထမ်းရာထူး (၄၉၁)နေရာနှင့် အမှုထမ်းရာထူး (၁၄၅၃၃) နေရာ စုစုပေါင်းရာထူး (၁၅၁၂၄) နေရာဖြင့် ဖွဲ့ စည်းထားပါသည်။ လက်ရှိခန့် ထားပြီး အင်အားမှာ အရာထမ်း(၄၀၇)ဦးနှင့် အမှုထမ်း (၁၂၄၅၈)ဦး ဖြစ်သဖြင့် လစ်လပ်လျက်ရှိသော အင်အားမှာ အရာထမ်းရာထူး (၈၄)နေရာနှင့် အမှုထမ်းရာထူး (၂၀၇၅) နေရာဖြစ်ပါသည်။
အဆိုပါဖွဲ့ စည်းပုံအရ ချမှတ်ထားသော လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်သားပြည်သူတို့ လွယ်ကူပြေပြစ်စွာ
အသုံးပြုနိုင်ရေးအတွက် စီးပွားရေးဆန်ဆန် စီစဉ်ဆောင်ရွက်ခြင်း။
- စီးပွားရေး၊ လူမှုရေး၊ စီမံခန့် ခွဲရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရေးအတွက်
ယင်းလုပ်ငန်းများ၏ ဆက်သွယ်ရေးလုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း။
- ဆက်သွယ်ရေး အခြေစိုက်စခန်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ
ဖွင့်လှစ်ခြင်း၊ တိုးချဲ့ ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပြောင်းရွှေ့ ခြင်း၊ ရပ်ဆိုင်းခြင်းနှင့်
ပိတ်ရန်လိုအပ်ပါက ပိတ်ထားခြင်း။
- ဆက်သွယ်ရေး အခြေစိုက်စခန်းများမှ တာဝန်ခံလုပ်ဆောင်နိုင်သော အခြားဝန်ထမ်း
အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
- ဆက်သွယ်ရေးလမ်းကြောင်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ တည်ဆောက်ခြင်း၊
ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ လျှော့ချခြင်း၊ ပြောင်းရွှေ့ခြင်းနှင့်
လိုအပ် ပါက ပိတ်ထားခြင်း၊
- အပြည်ပြည်ဆိုင်ရာ စာတိုက်အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ကြေးနန်းဆက်သွယ်ရေး
အဖွဲ့အစည်းနှင့်ဖြစ်စေ၊ချုပ်ဆိုသော ကွန်ဗင်းရှင်း စာချုပ်များကိုလည်းကောင်း၊
နိုင်ငံတော်နှင့် အခြားနိုင်ငံချုပ်ဆိုသည့် ဆက်သွယ်ရေးလုပ်ငန်း သဘောတူညီချက်များကို
လည်းကောင်း လိုက်နာကျင့်သုံးခြင်း။
- လိုအပ်သည့် စူးစမ်းရှာဖွေလေ့လာမှုများ ပြုလုပ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့်
သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ၀န်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ပေးထားသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
လုပ်ငန်းတာဝန်များ
နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍအစရှိသည်တို့အား ပံ့ပိုးခြင်း၊ အထောက်အကူပြုခြင်း၊ အဆင့်မြှင့်ခြင်းရှရှိစေရန်အလို့ဌာ ပြည်တွင်းပြည်ပစာတိုက်လုပ်ငန်း ကြေးနန်းလုပ်ငန်းနှင့်တယ်လီဖုန်းလုပ်ငန်း တို့်ကို တာဝန်ခံဆောင် ရွက်ပေးလျက်ရှိသော ဌာနဖြစ်သည်။
--------------------------------------------------------------------------------------------------
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဌာနများ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အောက်ပါစခန်း၊ ဌာနများဖြင့် ဖွဲ့စည်းထားပါသည်-
(၁) စီမံရေးရာဌာန (admin department)
(၂) လုပ်ငန်းနှင့်စစ်ဆေးရေးဌာန (work & inspection)
(၃) ပစ္စည်းဌာန (store department)
(၄) ငွေစာရင်းဌာန (finance department)
(၅) စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန(planning & training department)
(၆) ရုံးချုပ်အခြေစိုက်ပြည်ပဆက်သွယ်ရေးစခန်း(oversale communications department)
(၇) ရုံးချုပ်အခြေစိုက်အဝေးဆက်သွယ်ရေးစခန်း (long distance communication department)
(၈) ရုံးချုပ်အခြေစိုက်အော်တိုတယ်လီဖုန်းစခန်း (autotelephone department)
(၉) ရုံးချုပ်အခြေစိုက်မိုဘိုင်းဆက်သွယ်ရေးစခန်း (mobile department)
(၁၀) သတင်းအချက်အလက်နှင့်နည်းပညာဌာန (information technology department)
(၁၁) ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက်သင်တန်းကျောင်း (Training Centre)
(၁၂) ပြည်နယ်/တိုင်း(၁၇)ခု
* EMS
* Telephone Dir
* E Telegram
* About
* Video
* News
* Policy
* Photo Album
* Contact Information
|
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm |
Copyright © 2011 Ministry of Communications, Posts and Telegraphs. All rights reserved. |