About
|
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
၁၉၉၂ခုနှစ်၊ဖေဖော်ဝါရီ(၃)ရက်နေ့ တွင်ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို အောက်ပါ အတိုင်းဖွဲ့ စည်းခဲ့ပါသည်။ ၁၉၉၉ခုနှစ် ၊သြဂုတ်လ (၁၉)ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃၀/၉၉)တွင် ဆုံးဖြတ်ချက်အရ၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့တွင်ပို့ဆာင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့ လွှဲပြောင်းပေးခဲ့ပါ သည်။ |
------------------------------------------------------------------------------------------
ဝန်ကြီးဌာနဖွဲ့စည်းမှုနှင့် ဆက်သွယ်ရေးကဏ္ဍတည်ဆောက်မှုစီမံကိန်း
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့က နိုင်ငံတော်ကို တာဝန်ယူတည်ဆောက်ခဲ့စဉ် ကာလအတွင်း ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ တည်ဆောက်မှု တိုးတက်မှုမှတ်တမ်းတင်ပြခြင်း
အပိုင်း(၁)
ဝန်ကြီးဌာနဖွဲ့စည်းမှုနှင့် ဆက်သွယ်ရေးကဏ္ဍတည်ဆောက်မှုစီမံကိန်းများ
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဖွဲ့စည်းမှု
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ထုတ်ပြန်သော အမိန့် ကြော်ငာစာအမှတ် ၁ဝ/၉၂ ဖြင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၃)ခုအဖြစ်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်အား အောက်ပါအတိုင်း ထမ်းဆောင်ခဲ့ပြီး ဆက်လက် တာဝန် ထမ်းဆောင်လျက် ရှိပါသည်-
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ထမ်းဆောင်မှု ဇယား
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ထမ်းဆောင်မှု ဇယား
|
စဉ် |
အမည် |
တာဝန် ယူသည့်နေ့ |
မှတ်ချက် |
|
က |
ဦးစိုးသာ |
၂၉-၁-၁၉၉၂ |
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (၁၉၉၂) ခုနှစ် ဥပဒေများ၊ နည်းဥပဒေများ၊အမိန့်များနှင့် ကြေငြာချက်များ ပထမတွဲ(စာ-၉၉)ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ ၀န်ကြီး |
|
ခ |
ဗိုလ်မှူးချုပ် |
၂၀-၁၂-၁၉၉၇ |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇) ခုနှစ် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များနှင့် ကြေငြာချက် များ ပထမတွဲ(စာ-၃၇) ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန၊ ၀န်ကြီး |
|
ဂ |
ဗိုလ်မှူးချုပ် |
၁၀-၅-၂၀၀၁ |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
|
ဃ |
ဦးသိန်းထွန်း |
၃၁-၃-၂၀၁၁ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး |
|
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး တာဝန်ထမ်းဆောင်မှု ဇယား |
|||
|
စဉ် |
အမည် |
တာဝန် ယူသည့်နေ့ |
မှတ်ချက် |
|
က |
ဗိုလ်ချုပ် သိန်းထွန်း |
၂၄-၁၀-၂၀၀၇ |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြေငြာချက် အမှတ်-၅/၂၀၀၇ (၂၀၀၇ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်) ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး |
|
ခ |
ဦးတင့်လွင် |
၃၁-၃-၂၀၁၁ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး |
ဝန်ကြီးဌာန၀န်ထမ်း အဖွဲ့အစည်းများ ဖွဲ့စည်းမှု
ဝန်ကြီးဌာန ဖွဲ့စည်းပြီးနောက် ဝန်ကြီးဌာန ဝန်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းမှုတွင် ဝန်ကြီးရုံး၊ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့အား ဖွဲ့စည်းပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာများကို တိုးတက် တည်ဆောက်ကာ ပြည်သူများအား ဆက်သွယ်ရေး ဝန်ဆောင်မှုများ ကို ပေးအပ်ခဲ့ပါသည်။ ဝန်ကြီးဌာဖွဲ့စည်းမှုနှင့် လက်ရှိ တာဝန်ထမ်းဆောင်မှု ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

------------------------------------------------------------------------------------------
| ဝန်ကြီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ | |
|
ဝန်ကြီးဌာန၏ ရည်ရွယ်ချက် ။ နိုင်ငံတော်၏ ဆက်သွယ်ရေးကဏ္ဍ ဟန်ချက်ညီစွာဖွံ့ဖြိုး တိုးတက်စေရေး အတွက် အနှစ် (၃ဝ)စီမံကိန်း ချမှတ်ဆောင်ရွက်ရန်။ ဝန်ကြီးဌာန၏ရည်မှန်းချက်များ။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အနှစ်(၃ဝ) နှစ်ရှည်စီမံကိန်း၏ ရည်ရွယ်ချက် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအတိုင်း ရည်မှန်းချက်များထားရှိ ဆောင်ရွက်ပါမည်- တယ်လီဖုန်းလုပ်ငန်းရည်မှန်းချက်များ ။ တယ်လီဖုန်းလုပ်ငန်းတွင် အောက်ပါအတိုင်း ရည်မှန်းချက်များ ထားရှိ ဆောင် ရွက်ပါမည်- |
|
| - | ပြည်တွင်းပြည်ပ ဆက်သွယ်ရေးစနစ် လည်ပတ်မှု ယန္တရားတစ်ခုလုံးသည် နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက် တွင်သာ ရှိရမည်။ |
| - | နိုင်ငံအနှံ့ ပြည်သူတိုင်း တယ်လီဖုန်းဆက်သွယ်နိုင်ရေးအတွက် အမျိုးသား ဆက်သွယ်ရေးကွန်ရက်ကို တစ်ပြည်လုံး ဖြန့်ကြက်နိုင်ရေး ဦးစားပေး အဆင့်ဖြင့် ဦးတည် ဆောင်ရွက်ရမည်။ |
| - | မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တယ်လီဖုန်း သိပ်သည်းမှုတိုးမြှင့်ရေးကို နိုင်ငံတော်အတွင်း ပြည်သူတစ်ဦး၏ အသားတင်ထုတ်လုပ် (GDP Per Capita) နှင့် လျော်ညီသည့် စံနှုန်းအတိုင်း ဖြစ်ပေါ်နိုင်ရေး ဆောင်ရွက်သွားရမည်။ |
| - | နိုင်ငံတော်၏ ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရာတွင်လည်းကောင်း၊ ဒေသအလိုက် ဆက်သွယ်မှုစနစ် ထူထောင်ရာတွင် လည်းကောင်း နိုင်ငံတော် ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ အရင်းအနှီးများ ရယူ၍ နိုင်ငံတော် နှင့် ပြည်သူများ ပူးပေါင်းတည်ဆောက် ထူထောင်နိုင်ရေး ဆောင်ရွက်ရမည်။ |
| ပြည်ပဆက်သွယ်ရေးလုပ်ငန်းရည်မှန်းချက်များ ။ ပြည်ပဆက်သွယ်ရေးလုပ်ငန်းတွင် အောက်ပါအတိုင်း ရည်မှန်းချက် များထားရှိ ဆောင်ရွက်ပါမည်- | |
| - | အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုချယ်နယ်များကို နှစ်အလိုက် ပြည်တွင်းလိုအပ်ချက်နှင့် တယ်လီဖုန်း အရေအတွက်တိုးတက်လာမှု နှင့်အညီ လိုက်လျောညီစွာ တိုးချဲ့ရမည်။ |
| - | ပြည်ပဆက်ကြောင်းများကို လက်ရှိအာရှ-ဥရောပ ရေအောက် ကေဘယ်လ်ဆက်ကြောင်းအပြင် အိမ်နီးချင်းနိုင်ငံများ နှင့် ချိတ်ဆက် နိုင်ရေးဆက်သွယ်ရေး ဂြိုလ်တုများနှင့် တိုးချဲ့ ဆက်သွယ်နိုင်ရေးတို့ကို ဆောင်ရွက်ရမည်။ |
| - | အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုဝင်ငွေကို နှစ်စဉ် သတ်မှတ်ချက် နှင့်အညီ တိုးမြှင့်ရရှိရေးကို ဆောင်ရွက်ရမည်။ |
|
စာပို့တိုက်လုပ်ငန်းရည်မှန်းချက်များ ။ စာပို့တိုက်လုပ်ငန်းအား ပြည်သူများ ယုံကြည်စိတ်ချ အားထားလာစေရန် အောက်ပါအတိုင်း ရည်မှန်းချက်များ ထားရှိဆောင်ရွက်ရမည်- |
|
| - | အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုဝင်ငွေကို နှစ်စဉ် သတ်မှတ်ချက် နှင့်အညီ တိုးမြှင့်ရရှိရေးကို ဆောင်ရွက်ရမည်။ |
| - | ပြည်တွင်း စာပို့တိုက်လုပ်ငန်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းသစ်များ ပူးပေါင်းတိုးချဲ့ခြင်းများ ဆောင်ရွက်ရမည်။ |
| - | ပြည်ပ စာပို့တိုက်လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမည်။ |
| - | ခေတ်မီ နည်းစနစ်များအသုံးပြု၍ စာပို့တိုက်လုပ်ငန်းများကို အဆင့်မြှင့် ဆောင်ရွက်ရမည်။ |
| ကြေးနန်းလုပ်ငန်းရည်မှန်းချက်များ။ ကြေးနန်းလုပ်ငန်းအား အောက်ပါအတိုင်း ရည်မှန်းချက်များထားရှိ ဆောင်ရွက်ရမည်- | |
| - | ဝေးလံ၍ ဆက်သွယ်မှု ခက်ခဲသောဒေသများတွင် လွယ်ကူစွာ ဆက်သွယ်နိုင်ရေးအတွက် သမားရိုးကျ ကြေးနန်း စနစ်ဖြင့် ဆောင်ရွက်ပေးရမည်။ |
| - | အရေးပေါ်ကာလတွင် နိုင်ငံအတွင်းအကြောင်း တစ်စုံတစ်ရာကြောင့် ပင်မ ဆက်သွယ်မှုစနစ်များ ပြတ်တောက်ခဲ့ပါက သမားရိုးကျ ကြေးနန်း၊ ရေဒီယို၊ တယ်လီဖုန်းတို့ကို အရန်စနစ်အဖြစ် အသုံးပြုနိုင်ရမည်။ |
| - | ခေတ်မီ ကြေးနန်းဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော Fax, E-mail, Datacom စသည့် လုပ်ငန်းများဖြင့် နိုင်ငံအနှံ့ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည်။ |
|
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ။ ဆက်သွယ်ရေး ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်ရေး သင်တန်းကျောင်းကို သင်တန်းအသစ်များ ဘွဲ့လွန်ဒီပလိုမာ (Post Grad-uate) နှင့် မဟာ အင်ဂျင်နီယာဘွဲ့ (M.E) သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး သုတေသနလုပ်ငန်းများ (Research and Development) တည်ထောင်နိုင်ရေး ဆောင်ရွက်ရမည်။ |
|




