This content requires Adobe Flash Player 8

Download Adobe Flash

  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About

 

       HOME

       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US

About

 

ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

နောက်ခံသမိုင်းအကျဉ်း
 ၁။ ၁၉၆၀ပြည့်နှစ်မတိုင်မီက စာတိုက်ဌာနနှင့်ကြေးနန်းဌာနဟူ၍ဌာန(၂)ခုခွဲပြီး သီးခြားစီလုပ်ငန်းဆောင်ရွက်ခဲ့ကြပါသည်။၁၉၆၀ ပြည့်နှစ်၊
     ဇန်န၀ါရီလ (၂၅) ရက်နေ့မှစပြီး စာတိုက်နှင့် ကြေးနန်းဌာနအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ မတ်လ (၁၅) ရက်နေမှ
     စ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ဆက်သွယ်ရေးကော်ပိုရေးရှင်း (ယခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) ဟူ၍အဖွဲ့ အစည်း
     နှစ်ခုဖွဲ့ စည်းခဲ့ပါသည်။

၂။ ယခုအခါတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအောက်တွင်ပါဝင်သော အဖွဲ့
    အစည်းတစ်ခုဖြစ်ပါသည်။

ဖွဲ့ စည်းပုံ
၃။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကိုမူလဖွဲ့စည်းပုံအရစုစုပေါင်းဝန်ထမ်း(၄၉)ဦးပါဝင်သောအဆင့်(၃)ဦးစီးဌာနမှအရာထမ်း(၁၆) ဦး၊
    မှုထမ်း (၆၁) ဦး စုစုပေါင်းဝန်ထမ်း (၇၇) ဦးပါဝင်သောအဆင့် (၂) ဦးစီးဌာနအဖြစ် ၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် တိုး
    မြှင့်ဖွဲ့ စည်းကာ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။

တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ
၎။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်ရသောအဓိကလုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
      (က)စာတိုက်၊ တယ်လီဖုန်းကြေးနန်းဆက်သွယ်ရေးနှင့် ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း တို့ကိုဥပဒေဖြင့်ကြီးကြပ်ခြင်း။
      (ခ)အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများဖြစ်ကြသောကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU)အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေး
          အဖွဲ့ (APT) တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
      (ဂ)ရေဒီယိုလိုက်စင်ထုတ်ပေးခြင်းနှင့်အခွန်ကောက်ခံခြင်း။
      (ဃ)ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဖွင့်စက်လိုင်စင်ထုတ်ပေးခြင်းနှင့်အခွန်ကောက်ခံခြင်း
      (င)အပြည်ပြည်ဆိုင်ရာ ရေဒီယိုအော်ပရေတာစားမေးပွဲစစ်းဆေးကျင်းပခြင်း။
      (စ)ရေဒီယိုလှိုင်းနှုန်းများသတ်မှတ်ပေးခြင်းနှင့်ကြီးကြပ်ခြင်း။
      (ဆ)ခေတ်မီဆက်သွယ်ရေးနည်းစနစ်များနှင့်ပတ်သက်၍လေ့လာခြင်း၊အကြံပေးခြင်း။
      (ဇ)ဆက်သွယ်ရေးစက်ကိရိယာပစ္စည်းများကိုစိစစ်ကြီးကြပ်ခြင်း။

ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန၏ နောက်ခံသမိုင်းနှင့် လုပ်ငန်းတာဝန် ဆောင်ရွက်မှုများ
နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုး
တက်မှုအတွက် အခြေခံဖြစ်သည်ဟု ခံယူထားသည် နှင့်အညီ ပြည်တွင်းရှိ ဆက်သွယ်ရေးနှင့် သတင်းနည်း ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကို ဆက်သွယ်ရေး ကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကို အသုံးပြု၍ ပိုမိုအရည်အသွေးမြင့်မား
သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ ICT ကဏ္ဍတွင်ဒေ
သတွင်းနှင့်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များ၌လည်း တိုးတက်ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်ဆက်သွယ်ရေး
နှင့်အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် နိုင်ငံ
ကိုယ်စားပြုပေးရသည့်အဖွဲ့အစည်းမှာ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် စာတိုက်လုပ်ငန်းနှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများကို သီးခြားဌာနများဖြင့် ဆောင်ရွက်နေရာ
မှ ၁၉၆ဝ ပြည့်နှစ်တွင် စာတိုက်ဌာန (Department of Posts) နှင့်ကြေးနန်းဌာန (Department of Telegraph) ဟူ၍ ဌာန (၂) ခုဖြင့်
ဆောင်ရွက်ခဲ့ပါသည်။
၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ စာတိုက်နှင့် ကြေးနန်းဌာန (Posts and Telegraph Department) အဖြစ် ပူးပေါင်းဖွဲ့စည်း
ကာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ကြီးကြပ်ကွပ်ကဲမှုအောက်၌ ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်
ရွက်ခဲ့ပါသည်။ ဌာနအကြီးအကဲမှာ ညွန်ကြားရေးမှူးချုပ်ကို စာတိုက်ညွှန်ကြားရေးမှူး (Director of Posts) နှင့် ကြေးနန်းဆက်သွယ်ရေး
ညွှန်ကြား ရေးမှူး (Director of Telecommunications) တို့က တိုက်ရိုက်တာဝန်ခံလျက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို စာတိုက်လုပ်ငန်းအ
တွက်တိုင်း (၁၁) တိုင်း၊ ကြိုးမဲ့ဆက်သွယ်ရေး တိုင်း (၂) တိုင်း၊ ကြေးနန်းဆက်သွယ်ရေးအတွက် တိုင်း (၃) တိုင်း သတ်မှတ်ပိုင်းခြား
ဆောင်ရွက်ခဲ့ပါသည်။
တော်လှန်ရေးကောင်စီက ၁၈၇၂ ခုနှစ် မတ်လ (၁၅) ရက်နေ့၌ အုပ်ချုပ်ရေးစနစ်သစ်ဖော်ဆောင်ခဲ့စဉ် ယင်းအုပ်ချုပ်ရေးစနစ်သစ်နှင့်
အညီပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Transport and Telecommunications) ၏ အောက်တွင် ဆက်သွယ်ရေးဆိုင်
ရာ ပြည်တွင်း ပြည်ပဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်လုပ်ထုံးလုပ်နည်း စသည်တို့ကို လိုက်နာစေရန် ထိန်းသိမ်းကွပ်ကဲသည့်
အဖွဲ့အဖြစ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (စာတိုက်/ကြေးနန်း/တယ်လီဖုန်း) လုပ်ကိုင်သည့်
ဆက်သွယ်ရေးကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်းနှစ်ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုင်းတက်ရေးပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးတို့ကို ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်သန်လျက် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှစ၍ ယခင်ပို့
ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနနှင့်ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး
ဌာန ဟူ၍ဝန်ကြီး ဌာန(၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ထိုစဉ်က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအောက်၌-
        (က) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
        (ခ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
        (ဂ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟူ၍ဦးစီးဌာန (၂) ခုနှင့် လုပ်ငန်းအဖွဲ့အစည်း (၁) ခုထားရှိဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် သြ
ဂုတ်လ (၂ဝ) ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကိုလုပ်ငန်းသဘာဝအရပိုမိုသင့်လျော်မှုရှိသည့် ပို့ဆောင်ရေး ဝန်
ကြီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

 1,2,3 next »

Online Service

* EMS
* Telephone Dir
* E Telegram

Office Of The Minister

* About
* Video
* News
* Policy
* Photo Album
* Contact Information

PTD

* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us

MPT

* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us

  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.