This content requires Adobe Flash Player 8
စီမံရေးရာဌာနခွဲ။ ဒုတိယ ညွှန်ကြားရေးမှူး ၁ ဦးကကြီးကြပ်ကွပ်ကဲပါသည်။စီမံရေးရာဌာနခွဲတွင် စီမံရေးရာဌာနစုနှင့်ငွေစာရင်းဌာနစုတို့ရှိပြီး အရာထမ်း(၃)ဦးနှင့် အမှုထမ်း(၂၈)ဦးတို့ဖြင့် ဖွဲ့စည်းထား ကာ အောက်ပါလုပ်ငန်းတာဝန်များကိုဆောင်ရွက်ပါသည် -
(က) ၀န်ထမ်းရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း။
(ခ) ဘဏ္ဍာရေးရာနှင့်ငွေစာရင်းလုပ်ငန်းများဆောင်ရွက်ခြင်း။
(ဂ) စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက်ခြင်၊၊
(ဃ) သက်သာချောင်ချိရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊၊
(င) အထွေထွေကိစ္စရပ်များဆောင်ရွက်ခြင်း။
ဌာန၏ ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနစတင်ဖွဲ့စည်း တည်ထောင်စဉ် မူလ ဖွဲ့စည်းပုံအရ အဆင့် (၃) ဦးစီးဌာနဖြစ်ပြီး ခွင့်ပြုအင်အားမှာ အရာထမ်း (၉) ဦး၊ အမှုထမ်း (၄ဝ) ဦး စုစုပေါင်း (၄၉) ဦးဖြစ်ပါသည်။ သို့သော် ပြောင်းလဲ တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများအား ဥပဒေနှင့်အညီ ထိန်းသိမ်းကြီးကြပ်နိုင်ရန်အတွက် အဆင့်(၃) ဦးစီးဌာနမှ အဆင့်(၂) ဦးစီးဌာနသို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းရန် လိုအပ်လာသဖြင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့မှစ၍ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအား အဆင့် (၃) ဦးစီးဌာနမှ အဆင့် (၂) ဦးစီးဌာနအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါသည်။ အသစ် ဖွဲ့စည်းလိုက်သော အဆင့် (၂) ဦးစီးဌာနတွင် အရာထမ်း (၁၆)ဦး၊ အမှုထမ်း (၆၁)ဦး စုစုပေါင်း (၇၇)ဦးရှိပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အောက်ပါဌာနခွဲ (၄) ခုဖြင့်ဖွဲ့စည်းထားပါသည်-
(က) စီမံရေးရာဌာနခွဲ
(ခ) စာပို့တိုက်ဌာနခွဲ
(ဂ) လိုင်းဌာနခွဲ
(ဃ) ရေဒီယိုဌာနခွဲ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသော ဌာနအကြီးအကဲအဆက်ဆက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဌာနမှ ဆောင်ရွက်မည့် ရေရှည်မျှော်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များ
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနှင့် မူလတာဝန်နှင့် ဝတ္တရားများအပြင် အောက်ပါ လုပ်ငန်းတာဝန်များကို
တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ပါသည်-
(က) တရားမဝင်ဆက်သွယ်ေ၇း စက်ပစ္စည်းများ (လွှင့်အားမြင့် ကြိုးမဲ့တယ် လီဖုန်း၊ ကြိုးမဲ့လွှင့်/ ဖမ်းစက်ဂြိုလ်တု
ရုပ်မြင်သံကြားဖမ်းစက်နှင့် အခြားဆက်သွယ်ရေး) စက်ပစ္စည်းစသည်များ အသုံးပြုခြင်းကို ဥပဒေနှင့် အညီ
စနစ်တကျ ဖြစ်စေရေးအတွက် စစ်ဆေး ကြီးကြပ် ဆောင်ရွက်သွားရန်။
(ခ) လိုင်စင်ဖြင့် ခွင့်ပြုထားသော ဆက်သွယ်ရေးစက်များကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သုံစွဲမှု ရှိ-မရှိ
စိစစ်သွားရန်။
(ဂ) တရားမဝင် စာပို့တိုက်လုပ်ငန်းများအား စစ်ဆေးအရေးယူ ဆောင်ရွက်ရန် ခွင်ပြုချက်ဖြင့် လုပ်ကိုင်နေသော
ပုဂ္ဂလိကလုပ်ငန်းများအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် ကြီးကြပ်ရန်။
(ဃ) ခေတ်မီတိုးတက်လာသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို
ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာအမိန့်နှင့်
ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း။
(င) အာဆီယံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဆက်သွယ်ရေးနှင့် အိုင်တီကဏ္ဍ
ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ အိုင်စီတီစင်တာ
(AICTC) ကိုဖွင့်လှစ်ပြီးဆောင်ရွက်သွားရန်။
(စ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification Authourity-CA) စနစ်အတွက် လုပ်ငန်းလိုင်စင်များ
ထုတ်ပေးခြင်း၊ လိုအပ်သည့် ကြီးကြပ်မှုများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့နှင့်ကြီးကြပ်မှု
အဖွဲ့တို့၏ လမ်းညွှန်မှုများအတိုင်းဆောင်ရွက်ပေးရန်။
* EMS
* Telephone Dir
* E Telegram
* About
* Video
* News
* Policy
* Photo Album
* Contact Information
|
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm |
Copyright © 2011 Ministry of Communications, Posts and Telegraphs. All rights reserved. |