This content requires Adobe Flash Player 8
Download Adobe Flash
  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About
       HOME
       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US
Brief
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
နောက်ခံသမိုင်းအကျဉ်း
၁။
၁၉၆၀ပြည့်နှစ်မတိုင်မီက စာတိုက်ဌာနနှင့်ကြေးနန်းဌာနဟူ၍ဌာန(၂)ခုခွဲပြီး သီးခြားစီလုပ်ငန်းဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၆၀ ပြည့်နှစ်၊
ဇန်န၀ါရီလ(၂၅)ရက်နေ့မှစပြီး စာတိုက်နှင့်ကြေးနန်းဌာနအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ မတ်လ (၁၅) ရက်နေမှစ၍
ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးကော်ပိုရေးရှင်း (ယခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) ဟူ၍အဖွဲ့ အစည်းနှစ်ခုဖွဲ့
 စည်းခဲ့ပါသည်။
၂။
ယခုအခါတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအောက်တွင်ပါဝင်သော အဖွဲ့
အစည်းတစ်ခုဖြစ်ပါသည်။
  ဖွဲ့ စည်းပုံ
၃။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကိုမူလဖွဲ့စည်းပုံအရစုစုပေါင်းဝန်ထမ်း(၄၉)ဦးပါဝင်သောအဆင့်(၃)ဦးစီးဌာနမှအရာထမ်း(၁၆)ဦး၊
အမှုထမ်း(၆၁)ဦး စုစုပေါင်းဝန်ထမ်း(၇၇)ဦးပါဝင်သောအဆင့်(၂)ဦးစီးဌာနအဖြစ် ၁၉၉၉ ခုနှစ်ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တိုးမြှင့်ဖွဲ့
စည်းကာ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။
  တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ
၎။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်ရသောအဓိကလုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) စာတိုက်၊တယ်လီဖုန်းကြေးနန်းဆက်သွယ်ရေးနှင့်ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းတိုကိုဥပဒေ  ဖြင့်ကြီးကြပ်ခြင်း။
(ခ)  အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများဖြစ်ကြသောကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU)အပြည်ပြည်ဆိုင် ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့
       (APT)တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
(ဂ)  ရေဒီယိုလိုင်စင်ထုတ်ပေးခြင်းနှင့်အခွန်ကောက်ခံခြင်း။
(ဃ) ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဖွင့်စက်လိုင်စင်ထုတ်ပေးခြင်းနှင့်အခွန်ကောက်ခံခြင်း
(င)  အပြည်ပြည်ဆိုင်ရာ ရေဒီယိုအော်ပရေတာစားမေးပွဲစစ်ဆေးကျင်းပခြင်း။
(စ)  ရေဒီယိုလှိုင်းနှုန်းများသတ်မှတ်ပေးခြင်းနှင့်ကြီးကြပ်ခြင်း။
(ဆ) ခေတ်မီဆက်သွယ်ရေးနည်းစနစ်များနှင့်ပတ်သက်၍လေ့လာခြင်း၊အကြံပေးခြင်း။
(ဇ)   ဆက်သွယ်ရေးစက်ကိရိယာပစ္စည်းများကိုစိစစ်ကြီးကြပ်ခြင်း။
  ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန၏ နောက်ခံသမိုင်းနှင့် လုပ်ငန်းတာဝန် ဆောင်ရွက်မှုများ
နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့်သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုး
တက်မှု အတွက်အခြေခံဖြစ်သည်ဟု ခံယူထားသည်နှင့်အညီ ပြည်တွင်းရှိဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ် များကိုဆက်သွယ်ရေးကွန်ရက်များတိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကိုအသုံးပြု၍ ပိုမိုအရည်အသွေးမြင့်မား
သည့်ဝန်ဆောင်မှုများ ပေးနိုင်ရန်ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ICT ကဏ္ဍတွင်ဒေသ
တွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ၌လည်း တိုးတက်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော် ဆက်သွယ်ရေး
နှင့်အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် နိုင်ငံ
ကိုယ်စားပြုပေးရသည့်အဖွဲ့အစည်းမှာ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် စာတိုက်လုပ်ငန်းနှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများကို သီးခြားဌာနများဖြင့် ဆောင်ရွက်နေ
ရာမှ ၁၉၆ဝ ပြည့်နှစ်တွင် စာတိုက်ဌာန (Department of Posts) နှင့်ကြေးနန်းဌာန (Department of Telegraph) ဟူ၍ ဌာန (၂) ခုဖြင့်
ဆောင်ရွက် ခဲ့ပါသည်။
၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ စာတိုက်နှင့် ကြေးနန်းဌာန (Posts and Telegraph Department) အဖြစ် ပူးပေါင်း ဖွဲ့
စည်းကာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှု အောက်၌ ဆက်သွယ်ရေးလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ပါသည်။ ဌာန အကြီးအကဲမှာ ညွန်ကြားရေးမှူးချုပ်ကို စာတိုက် ညွှန်ကြားရေးမှူး (Director of Posts) နှင့် ကြေးနန်းဆက်
သွယ်ရေး ညွှန်ကြား ရေးမှူး (Director of Telecommunications) တို့က တိုက်ရိုက်တာဝန်ခံလျက်မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို စာတိုက်
လုပ်ငန်းအတွက် တိုင်း (၁၁) တိုင်း၊ ကြိုးမဲ့ဆက်သွယ်ရေး တိုင်း (၂)တိုင်း၊ ကြေးနန်းဆက်သွယ်ရေးအတွက် တိုင်း (၃)တိုင်း သတ်မှတ်ပိုင်း
ခြားဆောင်ရွက်ခဲ့ပါသည်။
တော်လှန်ရေးကောင်စီက ၁၈၇၂ ခုနှစ် မတ်လ (၁၅)ရက်နေ့၌ အုပ်ချုပ်ရေးစနစ်သစ်ဖော်ဆောင်ခဲ့စဉ် ယင်းအုပ်ချုပ်ရေးစနစ်သစ်နှင့် အ
ညီပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Transport and Telecommunications) ၏ အောက်တွင် ဆက်သွယ်ရေးဆိုင်ရာ
ပြည်တွင်းပြည်ပဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်လုပ်ထုံးလုပ်နည်းစသည်တို့ကို လိုက်နာစေရန် ထိန်းသိမ်းကွပ်ကဲသည့် အဖွဲ့
အဖြစ်ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း (စာတိုက်/ကြေးနန်း/တယ်လီဖုန်း) လုပ်ကိုင်သည့်
ဆက်သွယ်ရေးကော်ပိုရေး ရှင်းဟူ၍ အဖွဲ့အစည်းနှစ်ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပို့ဆောင်ရေး နှင့်
ဆက်သွယ်ရေးတို့ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်သန်လျက် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှစ၍ ယခင်
ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန နှင့်ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်
ကြီးဌာန ဟူ၍ ဝန်ကြီး ဌာန(၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ထိုစဉ်က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအောက်၌-
        (က) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
        (ခ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
        (ဂ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟူ၍ဦးစီးဌာန (၂)ခုနှင့် လုပ်ငန်းအဖွဲ့အစည်း (၁)ခုထားရှိဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်
              သြဂုတ် လ (၂ဝ)ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကို လုပ်ငန်းသဘာဝအရ ပိုမိုသင့်လျော်မှုရှိသည့်
             ပို့ဆောင်ရေးဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
  ဌာန၏ရည်မှန်းချက်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောက်ပါအဓိကတာဝန်များကို ဆက်သွယ်ရေး၊စာ
တိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ကိုယ်စားဆောင်ရွက်ရန် ဖြစ်ပါသည်-
(က)   စာပို့တိုက်လုပ်ငန်း ၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ၊ ရေဒီယို ဆက်သွယ်ရေးလုပ်ငန်းတို့ကို ဥပဒေဖြင့် ကြီးကြပ်ခြင်း ၊
(ခ)    ဆက်သွယ်ရေးနှင့် အိုင်စီတီဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော ကမ္ဘာ့ကုလသမဂ္ဂ အောက်ခံ အထူးအဖွဲ့အစည်း
         တစ်ခုဖြစ်သည့်    အပြည်ပြည်ဆိုင်ရာ    ကြေးနန်း    ဆက်သွယ်ရေး အဖွဲ့ချုပ်  ( အိုင်တီယူ ) ၊ အာရှပစိဖိတ် ကြေးနန်းဆက်သွယ်
         ရေး အကျိုးတူအဖွဲ့ (အေပီတီ) ၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) ၊ အာရှ နှင့် ပစိဖိတ် စာပို့တိုက် အကျိုးတူအဖွဲ့ ( အေပီပီယူ )
         တို့အပြင် အာဆီယံအသင်းချုပ်တို့နှင့် ဆက်သွယ်ရေးနှင့် အိုင်တီကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်း ၊
(ဂ)    ဆက်သွယ်ရေးနှင့် ရေဒီယိုလိုင်စင်အမျိုးမျိုးအတွက် လိုင်စင်အခွန် အခများ စည်းကြပ်ကောက်ခံခြင်း ၊
(ဃ)   ရေဒီယိုအော်ပရေတာ စာမေးပွဲစစ်ဆေးခြင်း ၊
(င)    ရေဒီယိုလေလှိုင်းနှုန်း စီမံခန့်ခွဲ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း ၊
(စ)    မြန်မာနိုင်ငံအတွင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး လုပ်ငန်းများ ၊ e-Government ၊ e-Commerce  လုပ်ငန်း
         များ တိုးတက် ဖြစ်ထွန်းနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကြီးကြပ်ပေး ခြင်း ၊
(ဆ)   ဆက်သွယ်ရေးနှင့်အိုင်တီဝန်ဆောင်မှုများ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့် ရရှိစေရန်အတွက် လိုအပ်သည့် လိုင်စင်များကို
(ဇ)    စာပို့တိုက်လုပ်ငန်း ၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း ၊ ရေဒီယို ဆက်သွယ်ရေးလုပ်ငန်းတို့ကို ဥပဒေဖြင့် ကြီးကြပ်ခြင်း
   (၁) စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဥပဒေများ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်‌စွက်ခြင်း၊ အပြည်ပြည် ဆိုင်ရာ
      စာပို့ တိုက်အဖွဲ့အစည်းများက သဘောတူရေးဆွဲ ထားသောစည်းမျဉ်း ဥပဒေများနှင့်‌အညီ ဆောင်ရွက်စေ ခြင်း၊ ကြီးကြပ်ခြင်း၊
   (၂) တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ဥပဒေများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်
      နည်းများထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်‌စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့အစည်းများက ရေး
      ဆွဲထားသောစည်းမျဉ်းဥပဒေများနှင့် အညီ ဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း၊
  (၃) ရေဒီယိုဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်‌စွက်ခြင်း၊
      အပြည်ပြည် ဆိုင်ရာ ရေဒီယိုအဖွဲ့အစည်းများနှင့် သဘောတူ ရေးဆွဲထားသော စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်
      စေခြင်း၊ ကြီးကြပ်ခြင်း၊
(ဈ)   ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းဆက်
        သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာဆက်
        သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးမှု၊ စာပို့တိုက်လုပ်ငန်းတွင် နိုင်ငံတကာနှင့် ညှိနှိုင်းပြီး စာပို့လုပ်ငန်း ချော
        မွေ့တိုးတက်စေမှု၊ အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်းဥပ‌ဒေ များနှင့်‌အညီ ဆောင်ရွက်ကြီးကြပ်ပေးမှု စသည့်လုပ်ငန်းများ
        ဆောင်ရွက်နိုင်ပါရန်အတွက် အောက်ပါ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါဝင်ညှိနှိုင်း ဆက်
       သွယ်ဆောင်ရွက်ရခြင်း၊
       (၁)    အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ)
       (၂)    အာရှပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအကျိုးတူအဖွဲ့ (အေပီတီ)
       (၃)    ကမ္ဘာ့ကုလသမဂ္ဂ (ယူပီယူ)
       (၄)    အာရှနှင့်ပစိဖိတ် စာပို့တိုက်အကျိုးတူအဖွဲ့ (အေပီပီယူ)
       (၅)    အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နှင့် ဆက်စပ်သောအဖွဲ့အစည်းများ
(ည)   လိုင်စင်အမျိုးမျိုးအတွက် လိုင်စင်အခွန်ကောက်ခံခြင်း
         ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော် ဘဏ္ဍာငွေတိုးတက်ရရှိရန်အတွက် ဆက်သွယ်ရေးစက်ပစ္စည်းဆိုင်ရာ လိုင်
         စင်အမျိုးမျိုး ထုတ်ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းကို ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်၍ဆောင်ရွက်ရခြင်း ၊
(ဋ)    ရေဒီယိုအော်ပရေတာစာမေးပွဲစစ်ဆေးခြင်း
         ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်(အိုင်တီယူ)၏ ပြဌာန်းချက်များ
         နှင့် အညီ နိုင်ငံတကာအဆင့်အတန်းမီ ရေဒီယိုအော်ပရေတာလက်မှတ် အမျိုးမျိုးကို ထုတ်ပေးရခြင်း ၊
(ဍ)    ရေဒီယိုလေလှိုင်းသတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း
         တိုးတက်ပြောင်းလဲလာသော ဆက်သွယ်ရေးစနစ်သစ်အရ  ရေဒီယိုလှိုင်းနှုန်း အသုံးပြုခြင်းအခန်းကဏ္ဍသည် အရေးပါသောအ
         ခန်းကဏ္ဍတွင် ပါဝင်ပေသည်။ သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်မှ နိုင်ငံအသီသီး၏ အသုံးပြု လေ
         လှိုင်းကိုမှတ်ပုံတင်ခြင်း၊ ခွဲ‌ဝေသတ်မှတ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေး ခြင်း၊ ကြီးကြပ်စစ်ဆေးပေးခြင်း၊ သုတေသနပြုခြင်းတို့ကို ကြီး
         ကြပ် ဆောင်ရွက်ရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွင်းရှိ ဌာနဆိုင်ရာ၊ သံတမန်ရေးရာ အဖွဲ့အစည်းများ အသုံးပြုသော ဆက်
         သွယ်ရေး လွှင့်ဖမ်းစက်များ၏ ရေဒီယိုလေလှိုင်းများကို သတ်မှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်၏
         သတ်မှတ် ပြဌာန်းချက်နှင့်အညီ ရေဒီယိုလေလှိုင်းများ မှတ်ပုံတင်ခြင်း၊ ညှိနှိုင်း ပေးခြင်း၊ ခွင့်ပြုထားသော လေလှိုင်းများကို သတ်
         မှတ်ချက်များ နှင့်အညီ သုံးစွဲမှုရှိ/မရှိ စိစစ်ရန်နှင့် စက်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်း ပြည့်မီရေးအတွက် ထိန်းကျောင်းနိုင်ရန် လေလှိုင်း
         တိုင်းတာ စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက် ရပါသည်။
1
|2|3 Next
Online Service
* EMS
* Telephone Dir
* E Telegram
Office Of The Minister
* About
* Video
* News
* Policy
* Photo Album
* Contact Information
PTD
* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us
MPT
* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us
  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.