This content requires Adobe Flash Player 8
Download Adobe Flash
  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About
       HOME
       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US
Brief
ဆက်သွယ်ရေးမူဝါဒဆိုင်ရာကြီးကြပ်မှုလုပ်ငန်းကော်မတီ
အစိုးရဌာန / လုပ်ငန်းနှင့်အဖွဲ့အစည်းအသီးသီးမှ ဆက်သွယ်ရေးစက်ပစ္စည်းများပြည်ပမှ တင်သွင်းသုံးစွဲရာတွင်ဆက်သွယ်ရေးမူဝါဒဆိုင်ရာ
 ကြီးကြပ်မှုလုပ်ငန်းကော်မတီ သို့ တင်ပြ၍ သဘောတူ ခွင့်ပြုချက် ရယူရပါမည်။ ဆက်သွယ်ရေးမူဝါဒဆိုင်ရာ ကြီးကြပ်မှု လုပ်ငန်းကော်မတီ အစည်းအ‌ဝေး၏ သဘောတူခွင့်ပြုချက်ဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေးပါသည်။ ယခုအ
ချိန်အထိဆက်သွယ်ရေးမူဝါဒဆိုင်ရာကြီးကြပ်မှုလုပ်ငန်းကော်မတီအစည်းအ‌ဝေး ကျင်းပပြီးစီးသည့် အကြိမ်ပေါင်း  ( ၄၀ ) ရှိပြီးဖြစ်ပါသည်။
ဆက်သွယ်ရေးစက် ပစ္စည်းများအား လုပ်ငန်းလိုအပ်ချက်အရ အစည်းအ‌ဝေး မကျင်းပမီ တင်သွင်းလိုပါက တင်သွင်းလိုသည့် အစိုးရဌာန /
 လုပ်ငန်း နှင့် အဖွဲ့အစည်း အသီးသီးမှ ဥက္ကဌ ၊ ဆက်သွယ်ရေး မူဝါဒဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်း ကော်မတီထံသို့  ကြိုတင်  တင်သွင်းခွင့်
 တောင်းခံ ရမည်ဖြစ်ပြီး သဘောတူခွင့်ပြုချက်ရရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက်ထုတ်ပေး၍အနီး
 ကပ်ဆုံးအစည်းအ‌ဝေးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည် တင်ပြ၍ အစည်းအ‌ဝေး၏ အတည်ပြုချက်ရယူရပါသည်။
 ဆက်သွယ်ရေးမူဝါဒဆိုင်ရာကြီးကြပ်မှုလုပ်ငန်းကော်မတီအစည်းအ‌ဝေးသို့ဆက်သွယ်ရေးစက်ပစ္စည်းများ တင်သွင်းခွင့်တောင်းခံရာတွင်-
 ၁။ တင်သွင်းမည့်စက်အရေအတွက် ၊ အမျိုးအစား နှင့် တင်သွင်းရသည့် အကြောင်း အရာ နှင့် သုံးစွဲမည့် နေရာများကို ဖော်ပြ၍ ဥက္ကဌ ၊
      ဆက်သွယ်ရေးမူဝါဒဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းကော်မတီမှတစ်ဆင့် ညွှန်ကြားရေးမှူးခုပ် ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန သို့
      လိပ်မူ၍ တင်ပြရပါမည်။
 ၂။ တင်ပြလွှာ၏ အပေါ်စာတွင် တင်သွင်းခွင့်တောင်းခံသည့် အစိုးရဌာန / လုပ်ငန်း အဖွဲ.အစည်း နှင့် သက်ဆိုင်သည့် ၀န်ကြီးဌာန၏
      ဒုတိယ၀န်ကြီးမှ ထောက်ခံ တင်ပြစာ
 ၃။ တင်သွင်းမည့်စက်ပစ္စည်း၏ Specification နှင့် Catal၀gue များအား ပူးတွဲ
 ၄။ တင်သွင်းမည့်စက်ပစ္စည်း၏ ကုန်ပါလွှာ Invoice မိတ္တူမှန်
 ၅။ သုံးစွဲသည့် စက်ပစ်စည်းများ ဆက်သွယ်ချိတ်ဆက်ပုံ ( Network Diagram ) ပုံစံများ ပါရှိရမည်ဖြစ်ပြီး ဖော်ပြပါများ၏ မိတ္တူ ( ၂၀ ) စုံ
      ကို ဆက်သွယ်ရေး မူဝါဒဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်း ကော်မတီတွင် တင်ပြနိုင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သို့ ပေးပို့ရ
      မည်ဖြစ်ပါသည်။
 (ဃ) ရေဒီယိုဌာနခွဲ၏ လုပ်ငန်းတာဝန်များ
     ( ၁ )    ကြိုးမဲ့ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ် ခြင်း ၊
     ( ၂ )    ရေဒီယိုကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ဥပဒေ ၊ နည်းဥပဒေ ၊
                စည်းမျဉ်းစည်းကမ်း စသည်များကို လိုအပ်လျှင် ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ အသစ် ရေးဆွဲခြင်း ၊
     ( ၃ )    တပ်မတော် ကြည်း ၊ ရေ ၊ လေ အပါအ၀င် လုပ်ငန်း / ဌာန / အဖွဲ့  အစည်းများတို့မှ အသုံးပြုသည့် လှိုင်းနှုန်းများကို
                ရွေးချယ်သတ်မှတ်ပေးခြင်း ၊
     ( ၄ )    အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ ချုပ် ( အိုင်တီယူ ) ၊ အာရှ - ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအကျိုးတူအဖွဲ့ 
                ( အေပီတီ ) တို့နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊
     ( ၅ )    အိုင်တီယူနှင့် အေပီတီ ထည့်ဝင်ကြေးနှင့် စာအုပ်စာတမ်းဖိုးများ အချိန်မီ ထည့်ဝင်ပေးချေနိုင်ရန် ဆောင်ရွက်ခြင်း ၊
     ( ၆ )    အိုင်တီယူ / အေပီတီ  စသည့်   အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ နည်းပညာပိုင်းဆိုင်ရာ   ထောက်ပံ့မှုများ   ရရှိစေရန်နှင့်
                အလုပ္ရုံဆြေးနြေးပြဲ   ၊   သင်တန်းများ တက်ရောက်နိုင်ရေးအတွက် ဆက်သွယ်ညှိနှိုင်းပေးခြင်း ၊
     ( ၇ )    ဆက်သွယ်ရေး မူဝါဒဆိုင်ရာကြီးကြပ်မှုလုပ်ငန်းကော်မတီ၏   ခွင့်ပြုချက် နှင့်  အညီ လုပ်ငန်း ၊  ဌာန ၊  အဖွဲ့ အစည်းတို့ မှ 
                တင်သွင်းသုံးစွဲလျှက် ရှိသော ဆက်သွယ်ရေးစက်များအား  ဆက်သွယ်ရေးရုံးလိုင်စင် ထုတ်ပေးခြင်း ၊ လိုင်စင်ကြေး နှင့်
                အခွန်ငွေများကောက်ခံ၍ နိုင်ငံတော်ဘဏ်ဍာာအဖြစ်သိမ်း သွင်းခြင်း ၊
     ( ၈ )    ရေဒီယိုအော်ပရေတာ စာမေးပွဲကျင်းပပေးခြင်း ၊  Nairobi  Endorsements နှင့် Retest ပြုလုပ်ပေးခြင်း ၊
     ( ၉ )    ရေဒီယိုအော်ပရေတာ သင်တန်းပို့ချ စစ်ဆေးကာ အောင်လက်မှတ်ထုတ်ပေးခြင်း ၊
     (၁၀)    Global Maritime Distress and Safety System (GMDSS) (General Operator Certificate) (GOC) ၊
                 သင်တန်းများပို့ချခြင်းနှင့် အောင်လက်မှတ် များ ထုတ်ပေးခြင်း ၊
      (၁၁)    ဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော   Frequency အသုံးပြုသည့် operator များအကြား interference ကိစ္စများ
                  ဖြစ်ပေါ်လာပါက ညှိနှိုင်းဖြေရှင်းပေးခြင်း၊ operator များအကြား Frequency Coordination  ပြုလုပ်ပေးခြင်း၊
      (၁၂)    အိမ်နီးချင်းနိုင်ငံများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တရားဝင်အကြောင်းကြား လာသည့်   Frequency  ဆိုင်ရာ ကိစ္စရပ်
                 များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေရှင်းပေးခြင်း
 ၅။ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ၊ နည်းဥပ‌ဒေများ ပြဌာန်းဆောင်ရွက်မှု
     ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ၊ နည်းဥပ‌ဒေများကို အောက်ပါအတိုင်းဆောင်ရွက်ထားရှိ ပါသည်-
 (က) မြန်မာနိုင်ငံကြိုးမဲ့ကြေးနန်းအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ။     နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ်
         အောက်တိုဘာလ ၂၂ရက်နေ့ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၊ ၁၃/၉၃ ဖြင့် မြန်မာနိုင်ငံ
         ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (၁)နှင့် ပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (၃)တို့အား ပြင်ဆင်သည့်ဥပဒေကို ပြဌာန်းခဲ့ပါသည်။
 (ခ)   အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ။        အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို အောက်ပါ
          အတိုင်း ဆောင်ရွက်ခဲ့ပါသည်-
 (၁)    နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာ
          ရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၅/၂၀၀၄)ဖြင့် " အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ " ကို ပြဌာန်းခဲ့ပါ
          သည်။
 (၂)    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (က) အရ
          ၂၀၀၇ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၀၇) ဖြင့် ၀န်ကြီး ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး
          နန်းဝန်ကြီးဌာနက ဥက္ကဌအဖြစ်ဆောင်ရွက် သော " အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ " ကိုဖွဲ့စည်း ပေးခဲ့ပါ
          သည်။
 (၃)    ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအ‌ဝေး အမှတ်စဉ် (၇/၂၀၀၈) ဆုံးဖြတ်ချက်အရ အီလက်ထရောနစ် ဆက်သွယ်
          ဆောင်ရွက်ရေး ဗဟိုအဖွဲ့သည် ဒုတိယ၀န်ကြီး ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနက ဥက္ကဌအဖြစ် ဆောင်ရွက်
          သော " အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးကြီးကြပ်မှုအဖွဲ့ " ကို ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
 (၄)     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သည် ဗဟို အဖွဲ့၏သဘောတူညီချက်ဖြင့် အီလက်ထရောနစ် ဆက်
           သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၅၂ ၊ ပုဒ်မခွဲ (ခ)တို့အရ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၄ ရက် ရက်စွဲပါ ညွှန်ကြားချက်
           အမှတ် (၁/ ၂၀၀၈)ဖြင့် မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်အား မူလအရင်းအမြစ် သက်သေခံလက်မှတ် ထုတ်ပေးပိုင်
           ခွင့်‌ရှိသူ ( Root Certification Authority ) အဖြစ် တာဝန်ပေးအပ်  ခဲ့ပါသည်။
 (၅)    အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သည် ဗဟို အဖွဲ့၏ စီစစ်ခွင့်ပြုချက်ဖြင့် ရတနာပုံတယ်လီပို့ ကုမ်ပဏီ
          လီမိတက်အား ၂၀၁၀ပြည့်နှစ်၊ ဇွန်(၁)ရက်နေ့မှစ၍ သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့် ရှိသူ (Certification Authority) အဖြစ်
          လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေး ခဲ့ပါသည်။
 (၆)    သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification Authority) ၏ အဓိကတာဝန်များမှာ ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်
          ကိုင်ဆောင်သူ မည်သူ မည်ဝါဖြစ်ကြောင်း (သို့) ထိုလက်မှတ်ကိုင်ဆောင်သည့် အဖွဲ့အစည်း သည် အစစ်အမှန်တည်ရှိကြောင်း အာ
          မခံပေးနိုင်ရန်အတွက် လူပ်ဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား သက်သေခံလက်မှတ် ထုတ်ပေးခြင်း ဖြစ်ပါသည်။ ရတနာပုံတယ်လီပို့
          ကုပ္မဏီလီမိတက်မှ CA စနစ်စတင်နိုင်ရန်အတွက် လိုအပ် သောပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပါသည်။
 (၇)    ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် အသုံးပြခြင်း အကျိုးကျေးဇူးများမှာ အစိုးရ၀န်ကြီးဌာနများ ၊ ရုံးများအချင်းချင်း အီလက်ထရော
          နစ် နည်းဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လည်းကောင်း ၊ ပြည်သူများ အနေနှင့် အီလက်ထရောနစ်နည်းအရ ကူးသန်းရောင်း
          ချက်အလက်များ ပိုမိုလုံခြုံစိတ်ချမှုရရှိစေရန် အတွက် ပေးပို့သူနှင့် လက်ခံသူတို့အကြား ယုံကြည်စိတ်ချစွာ  ဆက်သွယ် ဆောင်ရွက်
          နိုင်စေရန် ဖြစ်ပါသည်။
 (ဂ)    တယ်လီကွန်းမ် ဆက်သွယ်ရေးဥပဒေမူကြမ်း ပြုစုခြင်း။    တိုးတက်ပြောင်းလဲနေ သောဆက်သွယ်ရေးနည်းပညာများ ၊ မူဝါဒများနှင့်
          လိုက်လျောညီထွရှေိစေမည့် ဆက်သွယ်ရေးဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန်အတွက် တယ်လီကွန်းမ်ဆက်သွယ်ရေး ဥပဒေ (မူကြမ်း)
          ကိုရေးဆွဲလျက်ရှိပါသည်။
 (ဃ)  ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာအမိန့်။   ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဆက်သွယ်ရေး၊
         စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာနသည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ ရက်စွဲပါအမိန့်အမှတ် (၁/၉၃) ဖြင့်  ဂြိုဟ်တုရုပ်
         မြင်သံကြားဖမ်းစက်ဆိုင်ရာ အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။
         ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် လိုင်စင်ခွင့်ပြုချက်  ထုတ်ပေးခြင်းကို ၂၀၀၈ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ခေတ်တဆိုင်းငံ့ထား
         ရှိပါသည်။
 (င)   wide Area Network နှင့်စပ်လျဉ်းသည့်အမိန့်။    ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနသည် ကွန်ပျုတာပညာဖွံ့ 
         ဖြိုးရေးဥပဒေပုဒ်မ ၂၈၊၂၉၊၃၀ နှင့် ၄၂၊ ပုဒ်မခွဲ (ဂ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ Wide Area Network
         အသုံးပြုကွန်ပျူတာကွန်ရက်ထူထောင်ခြင်း၊ ယင်းကွန်ရက်ထူထောင်၍ ၀န်ဆောင်မှုပေးခြင်းနှင့် သတင်းဆိုင်ရာနည်းပညာအသုံးပြု
         ခြင်း တို့နှင့် စပ်လျဉ်းသည့်အမိန့်ကို ၂၀၀၂ခုနှစ် ၊ ဇူလိုင်လ (၁၀)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၀၂)ကို ထုတ်ပြန်
         ခဲ့ပါသည်။
 (စ)   တယ်လီဖုန်းနှင့်ဆက်စပ်ပစ်စည်းများပြည်ပမှတင်သွင်းရောင်းချခြင်း။      ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် ၂၀၀၃
         ခုနှစ် ၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၃) ဖြင့် မြန်မာနိုင်ငံကုမ်ပဏီများအက်ဥပဒေအရ မှတ်ပုံ
         တင်ထားပြီး နိုင်ငံခြားသုံးငွေတရားဝင်ရှိသည့် နိုင်ငံသားပိုင်ကုပ္မဏီများအား အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထား
         သော စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် အော်တိုတယ်လီဖုန်း၊ လက်လှည့်‌ တယ်လီဖုန်း၊ ကြိုးမဲ့တယ်
         လီဖုန်း၊ ရေဒီယိုတယ်လီဖုန်း၊ မိုဘိုင်းတယ်လီဖုန်း ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းရောင်းချသည့် လုပ်ငန်းကို
         ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ် သည့် စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်
         အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။
Previous 1|2|3
Online Service
* EMS
* Telephone Dir
* E Telegram
Office Of The Minister
* About
* Video
* News
* Policy
* Photo Album
* Contact Information
PTD
* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us
MPT
* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us
  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.