Broadband သုံးစွဲသူအချို့ ADSL ပြောင်းလဲအသုံးပြု

တယ်လီပို့မှ ယခင်က ချပေးခဲ့ဖူးသော Broadband WiMAX  ဖြင့်အင်တာနက် ချိတ်ဆက်အသုံးပြုသူများ မှာ ADSL သို့ပြောင်းလဲ အသုံးပြု မှုများ လာကြောင်း စုံစမ်းသိရှိရသည်။ “အရင်က ချပေးခဲ့တဲ့ Broadband WiMAX ကအသစ် ထပ်မချပေးတော့တာ ခြောက်လ ကျော် လောက်ရှိပါပြီ။ Broadband ကနေ ADSL ပြောင်းကြ တာမျိုး ရှိပြီး အဲဒီလိုပြောင်းတဲ့အတွက် ဝန်ဆောင်ကြေး ပေးရတာမျိုး မရှိ ပါဘူး။လက်ရှိမှာ ADSL လျှောက်ထားမှုကတစ်ရက်ကို တစ်ဦး၊ နှစ်ဦးလောက်ရှိပြီး တစ်ပတ်ကို ၁ဝ ဦးကနေ ၁၅ ဦးကြားလောက်လျှောက်တဲ့သူရှိနေပါတယ်” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ တယ်လီပို့မှချပေးခဲ့သည့် Broadband WiMAX မှာသုံးစွဲသူ ၉ဝဝ ဝန်းကျင်ခန့်ရှိပြီး ထပ်မံချပေးခြင်းမရှိတော့ကြောင်း၊ RedLink မှ ဝန်ဆောင်မှုပေးသော WiMAX နှင့်အနည်းငယ်ကွာခြားမှုရှိကြောင်း သိရသည်။ “Broadband ကသုံးရတာ Speed လည်းအရမ်းနှေးလို့ ADSL ပဲပြောင်းလိုက်ရတယ်” ဟု သုံးစွဲသူ တစ်ဦးကပြောသည်။ ရန်ကုန်မြို့တွင် ADSL အသုံးပြုသူပေါင်း ၅ဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။