This content requires Adobe Flash Player 8
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနစတင်ဖွဲ့စည်း တည်ထောင်စဉ် မူလ ဖွဲ့စည်းပုံအရ အဆင့် (၃) ဦးစီးဌာနဖြစ်ပြီး ခွင့်ပြုအင်အားမှာ အရာထမ်း (၉) ဦး၊ အမှုထမ်း (၄ဝ) ဦး စုစုပေါင်း (၄၉) ဦးဖြစ်ပါသည်။ သို့သော် ပြောင်းလဲ တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများအား ဥပဒေနှင့်အညီ ထိန်းသိမ်းကြီးကြပ်နိုင်ရန်အတွက် အဆင့်(၃) ဦးစီးဌာနမှ အဆင့်(၂) ဦးစီးဌာနသို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းရန် လိုအပ်လာသဖြင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့မှစ၍ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအား အဆင့် (၃) ဦးစီးဌာနမှ အဆင့် (၂) ဦးစီးဌာနအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါသည်။ အသစ် ဖွဲ့စည်းလိုက်သော အဆင့် (၂) ဦးစီးဌာနတွင် အရာထမ်း (၁၆)ဦး၊ အမှုထမ်း (၆၁)ဦး စုစုပေါင်း (၇၇)ဦးရှိပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အောက်ပါဌာနခွဲ (၄) ခုဖြင့်ဖွဲ့စည်းထားပါသည်-
(က) စီမံရေးရာဌာနခွဲ
(ခ) စာပို့တိုက်ဌာနခွဲ
(ဂ) လိုင်းဌာနခွဲ
(ဃ) ရေဒီယိုဌာနခွဲ
* EMS
* Telephone Dir
* E Telegram
* About
* Video
* News
* Policy
* Photo Album
* Contact Information
|
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm |
Copyright © 2011 Ministry of Communications, Posts and Telegraphs. All rights reserved. |