GSM နှင့် CDMA ဖုန်းလိုင်း လေးသိန်းကျော် ထပ်မံချထားပေးနိုင်ရန် စီစဉ်ပြီ
|
GSM နှင့် CDMA ဖုန်းလိုင်း လေး သိန်းကျော် ထပ်မံချထား ပေးရန်စီ စဉ် နေကြောင်း သိရသည်။ ယခု ၂၀၁၀ ပြည့်နှစ် မကုန်မီတွင် CDMA 450 ဖုန်း နှစ်သောင်း ကျော်ကို ထပ်မံ ချထား ပေးမည်ဟု သိရသည်။ မိမိနေ ထိုင်ရာ မြို့နယ် ဆက်သွယ်ရေး ရုံးများ တွင် လျှောက် ထား ရကြောင်း၊ တာဝါတိုင် တည်ဆောက် ပြီးသည့် မြို့နယ် များတွင် တစ်မြို့နယ်လျှင် အလုံး ၅ဝဝ မှ ၁ဝဝဝ ကျော်ထိ ချပေး နိုင်ရန် စီစဉ် နေကြောင်း သိရသည်။GSM နှင့် CDMA အတွင် ရေဒီယိုစခန်း ၂ဝဝ ကျော်ကို ထပ်မံ တည်ဆောက် ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆယ်လူလာ၊ CDMA၊ခြင်းဖုန်း၊ GSM၊ CDMA 450 HHz၊ CDMA 800 HHz ဖုန်းများသုံးစွဲ နေကြသည်။ ကျပ်ငါးသိန်းတန် CDMA ဖုန်းများသည် ဈေးနှုန်း သက်သာသည့် အပြင် ဆက်သွယ်မှု လွယ်ကူကာ ကြည်လင် ပြတ်သား သောကြောင့် ဈေးကွက်တွင် သုံးစွဲသူ အကြိုက် တွေ့နေကြောင်း သိရသည်။ GSM ရေဒီယိုစခန်းပေါင်း ၃ဝ၊ CDMA 450 MHzရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခုတို့ကို ထပ်မံ ဆောက်လုပ်နေ သောကြောင့် မြန်မာနိုင်ငံတွင် ဖုန်းလေးသိန်းကျော် ထပ်မံ ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် GSM ၄၉၄၃ဝဝ၊ CDMA မိုဘိုင်း ၅၄၅၆၅ဝ၊CDMA 800 ၁၅ဝဝဝဝ၊ CDMA (Fixed) ၂ဝဝ၃၈၊ WCDMA ၂၈ဝဝဝ ချပြီ ဖြစ်ကြောင်း သိရသည်။ |





