This content requires Adobe Flash Player 8

Download Adobe Flash

  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About

 

       HOME

       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US

International Relation

International Relation

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်သွယ်ရေး ဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာနှင့် ညှိနှိုင်းပြီး၎င်း။ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆောင်ရွက် ကြီးကြပ် ပေးနိုင်ရန် အောက်ပါ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါဝင်ညှိနှိုင်း ဆက်သွယ် ဆောင်ရွက်ပါသည်-
(က) အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ)  (itu.int)
(ခ) အာရှပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအကျိုးတူအဖွဲ့ (အေပီတီ) (apt.org)
(ဂ) ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) (upu.int)
(ဃ) အာရှနှင့်ပစိဖိတ် စာပို့တိုက် အကျိုးတူအဖွဲ့ (အေပီပီယူ)
(င) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် ဆက်စပ်သော အဖွဲ့အစည်းများ

အာဆီယံအတွင်း ဆက်သွယ်ရေးနှင့် အိုင်တီကဏ္ဍပူးပေါင် ဆောင်ရွက်မှုအခြေအနေ
အာဆီယံအတွင် ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အောက်ပါ forum (၃) ခုဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
(က) ASEAN Telecommunication and Information Minister’s Meeting (TELMIN)
(ခ) ASEAN Telecommunication and Information Senior Officials Meeting (TELSOM) နှင့်
(ဂ) ASEAN Telecommunication Regulator’s Council (ATRC)
TELSOm အားအာဆီယံ ၁ဝ နိုင်ငံမှ ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများဖြင် ဖွဲ့စည်းထားပြီး တစ်နှစ်လျှင် တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုပြုကြပါသည်။ TELSOM မှ တာဝန်ယူရသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် အခြေခံအဆောင်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များတွင် အောက်ပါတို့ကို ဦးစားပေးအဖြစ် ထည့်သွင်းထားပါသည်-
(က) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အဆင့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အဦများ National Information Infrastructure (NII) များ၏ အပြန်အလှန်လုပ်ငန်း ဆောင်ရွက်မှု (Interoperability) ရရှိစေရန်။
(ခ) အာဆီယံဒေသအတွင်း မြန်နှုန်းမြင့်ကွန်ရက် (broadband) ချိတ်ဆက်မှုအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်။
(ဂ) ဆက်သွယ်ရေး ဝန်ဆောင်မှုများ၏ အပြတ်အတောက်မရှိ ဆက်သွယ်နိုင်မှု seamless roaming ရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်။
(ဃ) ဆက်သွယ်ရေး စက်ပစ္စည်များနှင့် ဝန်ဆောင်မှုများအတွက် ကူးသန်းရောင်းဝယ်နိုင်မှု အခြေအနေ မြှင့်တင်ပေးခြင်းတို့ ဖြစ်ကြသည်။
TELSOM အောက်တွင် ယခုအခါ၌ အောက်ပါ Working Groups (၄) ခုဖွဲ့စည်းဆောင်ရွက်ရှိပါသည်-
(က) ASEAN Information Infrastructoure
(ခ) e-Commerce & ICT Trade Facilitation
(ဂ) Universal Access, Digital Divide and e-Government
အာဆီယံအတွင်း ဆက်သွယ်ရေး ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှုများ
အာဆီယံအတွင်း ဆက်သွယ်ရေးနှင့် အိုင်စီတီ ပူးပေါင်းဆောင်ရွက်မှုအတွက် အမြင့်ဆုံးဖြစ်သည့် TELMIN အားအဖွဲ့ဝင်နိုင်ငံများမှ ဆက်သွယ်ရေးနှင့် အိုင်စီတီဝန်ကြီးဌာန ဝန်ကြီးများဖြင့် ဖွဲ့စည်းထားပြီး ပထမဦးဆုံးသော TELSOM အစည်းအဝေးအား ၂ဝဝ၁ ခုနှစ်၊ ဇူလိုင်လတွင် မလေးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည်။ TELMIN အစည်းအဝေးအား အထောက်အကူပေးသည့် အဖွဲ့အစည်းများအဖြစ် TELSOM နှင့် ATRC တို့မှ တာဝန်ယူဆောင်ရွက်ပေးရပါသည်။
အာဆီယံကြေးနန်းဆက်သွယ်ရေး ဥပဒေပြုအဖွဲ့များ ကောင်စီ
အာဆီယံကြေးနန်းဆက်သွယ်ရေး ဥပဒေပြုအဖွဲ့များကောင်စီ (ASEAN Telecommunication Regulators’ Council – ATRC ) အား ၁၉၉၅ ခုနှစ်တွင် အာဆီယံစာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးကော်မတီ (Committee for Post and Telecommunciation) နေရာတွင် အစားထိုးဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ATRC ၏ အဓိက လုပ်ငန်းရပ်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
(က) အာဆီယံဒေသအတွင်း ရေဒီယိုလှိုင်းနှုန်းခွင် အသုံးပြုမှုအား တပြေးညီဖြစ်စေရန် ညှိနှိုင်းလုပ်ဆောင်ခြင်း။
(ခ) ဒေသအတွင်း ဆက်သွယ်ရေး စက်ပစ္စည်းများ တစ်နိုင်ငံမှ တစ် နိုင်ငံလွယ်ကူစွာ ရောင်းချနိုင်ရေးအတွက် နည်းပညာကိုက်ညီမှု စစ်ဆေးခြင်း စနစ် (technical compliance process) နှင့်စံချိန်ညွှန်းများ (standard) တပြေးညီ ဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်း။
(ဂ) ဒေသအတွင်း Mutual Recognition Arrangement (MRA) စနစ် ပေါ်ထွန်းလာစေရန် ဆောင်ရွက်ခြင်း။
(ဃ) အဖွဲ့ဝင်နိုင်ငံများအကြောင်း နိုင်ငံတော်အဆင့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အဦများ (NII) အပြန်အလှန် ဆက်သွယ်နိုင်မှုကိုလှိုင်းနှုန်းမြင့် မာလ်တီမီဒီယာကွန်ရက်များ (Multimedia Broadband Network) ၏ စံချိန်စံညွှန်းများ တပြေးညီဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွင်သွားရန်။
(င) လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ဆောင်ရွက်ခြင်းဖြင့် ဆက်သွယ်ရေးကဏ္ဍအတွက်  လိုအပ်ချက်ကို အထောက်အကူပေးရန်။
ATRC Working Groups
ATRC Working Groups တွင်-
(က) Network Security Working Groups နှင့်
(ခ) Working Groups on Resource Planning and Management တို့ပါဝင်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍတွင်နိုင်ငံအဆင့် Focal Point အဖြစ်ဆောင်ရွက်လျက်ရှိရာတွင် ၂ဝဝ၄ ခုနှစ်တွင် ATRC အစည်းအဝေးကိုလည်းကောင်း၊ ၂ဝဝ၅ ခုနှစ်တွင် Special TELSOM အစည်းအဝေးကိုလည်းကောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီး  ဖြစ်သည့်အပြင် ၂ဝ၁ဝ ပြည့်နှစ်၊ ဧပြီလမှစ၍ ASEAN ICT Center ၏ ဒါရိုက်တာ ရာထူးတာဝန်ကိုလည်းစတင် ထမ်းဆောင်နေပါသည်။

Online Service

* EMS
* Telephone Dir
* E Telegram

Office Of The Minister

* About
* Video
* News
* Policy
* Photo Album
* Contact Information

PTD

* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us

MPT

* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us

  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.