This content requires Adobe Flash Player 8

Download Adobe Flash

  • Home
  • 0ffice of the Minister
    • About
    • Organization Structure
    • Videos
    • News
    • Policy
    • Photo Album
    • Contact Information
  • PTD
    • About
      • Brief
      • Organization Chart
    • Laws & Regulations
    • Divisions
      • Admin
      • Postal
      • Line
      • Radio
    • PTD News
    • International Relation
    • Application Forms
      • Aircraft
      • Ship
      • Cordless
      • WAN
      • Fixed
      • Mobile
    • Contact Us
  • MPT
    • About MPT
    • Departments
      • Admin
      • Works & Inspections
      • Store
      • Finance
      • Planning & Training
      • Overseas
      • Long Distance Communication
      • Autotelephone
      • Mobile
      • IT
      • Training Centre
      • States & Regions
    • MPT News
    • Organization Chart
    • Telephone Directory
    • Joint Venture
    • Activities
    • Contact Us
  • Industries
    • Investment Opportunities
    • YTP Teleport
    • ITCS
    • Info Tech
  • Laws and Regulations
    • Telecoms
    • IT
    • Postal
    • Miscellaneous
  • News
  • Resources
    • Employee Corner
    • Publics Corner
  • About

 

       HOME

       ABOUT PTD
       LAWS & REGULATIONS
       DIVISION
       PTD NEWS
       INTERNATIONAL RELATION
       APPLICATION FORM
       CONTACT US

Laws & Regulation

ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ၊ နည်းဥပ‌ဒေများ ပြဌာန်းဆောင်ရွက်မှု
 
(က)    မြန်မာနိုင်ငံကြိုးမဲ့ကြေးနန်းအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ။
          နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
 တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၊ ၁၃/၉၃ ဖြင့် မြန်မာနိုင်ငံကြိုး မဲ့ကြေးနန်းအက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)နှင့်ပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (၃)
 တို့အား ပြင်ဆင်သည့်ဥပဒေကိုပြဌာန်းခဲ့ပါသည်။
 (ခ)     အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ။
           အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို အောက်ပါအ တိုင်း ဆောင်ရွက်ခဲ့ပါသည်-
     (၁) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၄ခုနှစ် ဧပြီလ(၃၀)ရက်နေ့ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာရေး
 နှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၅/၂၀၀၄) ဖြင့် "အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ"ကိုပြဌာန်းခဲ့ပါသည်။
     (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(က)အရ ၂၀၀၇
 ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၀၇)ဖြင့် ၀န်ကြီး၊ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
 ကဥက္ကဌအဖြစ်ဆောင်ရွက်သော "အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့" ကို ဖွဲ့  စည်းပေးခဲ့ပါသည်။
      (၃) ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်း အ‌ဝေးအမှတ်
 စဉ် (၇/၂၀၀၈) ဆုံးဖြတ်ချက်အရ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့သည် ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်
 ကြေးနန်းဝန်ကြီးဌာနက ဥက္ကဌအဖြစ်ဆောင်ရွက်သော"အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးကြီးကြပ်မှုအဖွဲ့"ကို ဖွဲ့စည်း
 ဆောင် ရွက်ခဲ့ပါသည်။
      (၄) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏သဘောတူညီချက်ဖြင့် အီလက်ထရောနစ် ဆက်
 သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၅၂ ၊ ပုဒ်မခွဲ (ခ)တို့အရ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၄ ရက် ရက်စွဲပါညွှန်ကြားချက်အမှတ်
 (၁/၂၀၀၈)ဖြင့် မြန်မာအင်ဖိုတက်ကော်ပိုရေးရှင်းလီမိတက်အား မူလအရင်းအမြစ် သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်‌ရှိသူ (Root
 Certification Authority)အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။
     (၅) ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်အသုံးပြုခြင်းဖြင့်  အစိုးရ၀န်ကြီးဌာနများ၊ ရုံးများအချင်းချင်းအီလက်ထရောနစ်နည်းဖြင့် ဆက်
 သွယ် ဆောင်ရွက်ရာတွင်လည်းကောင်း ၊ ပြည်သူများအနေနှင့် အီလက်ထရောနစ်နည်းအရ ကူးသန်းရောင်းဝယ်ခြင်းများ၊ စာပေးစာယူပြု
 လုပ်ခြင်းများ၊ ငွေပေးငွေယူပြုလုပ်ခြင်းများကို On-Line ဆက်သွယ်ဆောင်ရွက်ရာတွင် လည်းကောင်း သတင်းအချက်အလက်များ ပိုမို
 လုံခြုံစိတ်ချမှုရရှိစေရန်အတွက် ပေးပို့သူနှင့်လက်ခံ သူတို့အကြား ယုံကြည်စိတ်ချစွာဆက်သွယ်ဆောင်ရွက်နိုင်စေရန်ဖြစ်ပါသည်။
 (ဂ)    တယ်လီကွန်းမ်ဆက်သွယ်ရေးဥပဒေ(မူကြမ်း)ပြုစုခြင်း။
 
          တိုးတက်ပြောင်းလဲနေသောဆက်သွယ်ရေးနည်းပညာများ၊ မူဝါဒများနှင့် လိုက်လျောညီထွေရှိစေမည့် ဆက်သွယ်ရေးဥပဒေတစ်
ရပ် ပြဌာန်းနိုင်ရန်အတွက် (တယ်လီကွန်းမ်ဆက်သွယ်ရေး ဥပဒေမူကြမ်း) ကို ရေးဆွဲလျက်ရှိပါသည်။
 (ဃ)    ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာအမိန့်။
            ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန သည်
  ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ရက်စွဲပါအမိန့်အမှတ်( ၁/၉၃ )ဖြင့် “ဂြိုဟ်တုရုပ်မြင် သံကြားဖမ်းစက်ဆိုင်ရာအမိန့်”ကို ထုတ်ပြန်
 ခဲ့ပါသည်။ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်လိုင်စင်ခွင့်ပြုချက်ထုတ်ပေးခြင်းကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ခေတ္တဆိုင်းငံ့ ထား
 ရှိပါသည်။
 (င)     Wide Area Network နှင့်စပ်လျဉ်းသည့်အမိန့်။”
  
        ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနသည် ကွန်ပျူတာပညာဖွံ့ ဖြိုးရေးဥပဒေပုဒ်မ ၂၈ ၊ ၂၉ ၊ ၃၀ နှင့် ၄၂ ၊ ပုဒ်မခွဲ (ဂ)
တို့ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ “ Wide Area Network  အသုံးပြု ကွန်ပျူတာကွန်ရက်ထူထောင်ခြင်း၊ ယင်းကွန်
ရက်ထူထောင်၍ ၀န်ဆောင်မှုပေးခြင်းနှင့်သတင်းဆိုင်ရာနည်း ပညာအသုံးပြုခြင်း တို့နှင့်စပ်လျဉ်းသည့်အမိန့်”ကို ၂၀၀၂ခုနှစ်၊ ဇူလိုင်လ
(၁၀) ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၀၂)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
 (စ)     တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်းများပြည်ပမှတင်သွင်းရောင်းချခြင်း။   
            ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် ၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၃)
 ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရမှတ်ပုံတင်ထားပြီး နိုင်ငံခြားသုံးငွေ တရားဝင်ရှိသည့် နိုင်ငံသားပိုင်ကုမ္ပဏီများအား အစိုးရက
 သာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသောစာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းတွင်အသုံးပြုသည့် အော်တိုတယ်လီဖုန်း၊
 လက်လှည့်‌တယ်လီဖုန်း၊ ကြိုးမဲ့တယ်လီဖုန်း၊ရေဒီယိုတယ်လီဖုန်း၊ မို ဘိုင်းတယ်လီဖုန်းကိရိယာများနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်
သွင်းရောင်းချသည့်လုပ်ငန်းကိုဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် စည်းကမ်းချက်များ
နှင့် အညီ လုပ်ကိုင်ခွင့်ပြုသည့် အမိန့်ကိုထုတ်ပြန်ခဲ့ပါ သည်။

Online Service

* EMS
* Telephone Dir
* E Telegram

Office Of The Minister

* About
* Video
* News
* Policy
* Photo Album
* Contact Information

PTD

* About PTD
* Laws and Regulations
* Division
* Application Forms
* PTD News
* Contact Us

MPT

* About MPT
* Department
* MPT News
* Organization
* Coverage
* Contact Us

  • Home
  • 0ffice of the Minister
  • PTD
  • MPT
  • Industries
  • Laws and Regulations
  • News
  • Resources
  • About
Building No.2, Special Development Zone, Nay Pyi Taw, Myanmar
Ph: (+9567)407225 | Fax: (+9567) 407216 | e-mail: dg.ptd@mptmail.net.mm
Copyright © 2011 Ministry of Communications, Posts and Telegraphs.
All rights reserved.