Policy and Guide Lines
ဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ
ဝန်ကြီးဌာန၏ ရည်ရွယ်ချက်။ နိုင်ငံတော်၏ဆက်သွယ်ရေးကဏ္ဍဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနှစ် (၃၀)စီမံကိန်း ချမှတ် ဆောင်ရွက်ရန်။
ဝန်ကြီးဌာန၏ရည်မှန်းချက်များ။ မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအနှစ်(၃၀)နှစ်ရှည်စီမံကိန်း၏ရည်ရွယ်ချက် အောင် မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအတိုင်း ရည်မှန်းချက်များထားရှိဆောင်ရွက်ပါမည်-
(က) တယ်လီဖုန်းလုပ်ငန်းရည်မှန်းချက်များ။ တယ်လီဖုန်းလုပ်ငန်းတွင်အောက်ပါ အတိုင်းရည်မှန်းချက်များထားရှိဆောင်ရွက်ပါမည်-
(၁) ပြည်တွင်းပြည်ပဆက်သွယ်ရေးစနစ်လည်ပတ်မှုယန္တယားတစ်ခုလုံးသည်နိုင်ငံတော်အစိုးရ၏ထိန်းချုပ်မှုအောက်တွင်
သာရှိရမည်။
(၂) နိုင်ငံအနှံ့ ပြည်သူတိုင်း တယ်လီဖုန်းဆက်သွယ်နိုင်ရေးအတွက် အမျိုးသားဆက်သွယ်ရေး ကွန်ယက်ကိုတစ်ပြည်လုံး
ဖြန့်ကျက်နိုင်ရေး ဦးစားပေးအဆင့် ဖြင့်ဦးတည်ဆောင်ရွက်ရမည်။
(၃) မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တယ်လီဖုန်းသိပ်သည်းမှုတိုးမြှင့်ရေးကို နိုင်ငံတော် အတွင်းပြည်သူတစ်ဦး၏ အသားတင်
ထုတ်လုပ်မှု (GDP Per Capita) နှင့် လျော်ညီသည့်စံနှုန်းအတိုင်းဖြစ်ပေါ်နိုင်ရေး ဆောင်ရွက်သွားရမည်။
(၄) နိုင်ငံတော်၏ ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရာတွင်လည်းကောင်း၊ ဒေသအလိုက်ဆက်သွယ်မှုစနစ်ထူထောင်
ရာတွင်လည်းကောင်း နိုင်ငံတော်ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံနိုင်မှုနှင့် ပြည်တွင်း၊ပြည်ပမှ အရင်းအနှီးများရယူ၍ နိုင်ငံတော်
နှင့်ပြည်သူများပူးပေါင်းတည်ဆောက် ထူထောင်နိုင်ရေးဆောင်ရွက်ရမည်။
(၅) ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြည်တွင်းတွင် ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်ရန်အားပေးဆောင်ရွက်ရမည်။
(၆) အစဉ်ပြောင်းလဲ တိုးတက်နေသော နည်းပညာရပ်များနှင့်အညီ ဆက်သွယ်ရေးစနစ်များကိုလိုက်လျောညီထွေစွာတိုးချဲ့
တပ်ဆင်နိုင်ရေး၊ အသုံးပြုနိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရှိရမည်။
(ခ) ပြည်ပဆက်သွယ်ရေးလုပ်ငန်းရည်မှန်းချက်များ။ ပြည်ပဆက်သွယ်ရေးလုပ်ငန်းတွင် အောက်ပါအတိုင်း ရည်မှန်းချက်များထားရှိ
ဆောင်ရွက်ပါမည်-
(၁) အပြည်ပြည်ဆိုင်ရာဆက်သွယ်မှုချယ်နယ်များကို နှစ်အလိုက် ပြည်တွင်းလိုအပ်ချက်နှင့်တယ်လီဖုန်းအရေအတွက် တိုး
တက်လာမှုနှင့်အညီ လိုက်လျောညီစွာတိုးချဲ့ရမည်။
(၂) ပြည်ပဆက်ကြောင်းများကိုလက်ရှိအာရှ-ဥရောပရေအောက်ကေဘယ်လ်ဆက်ကြောင်းအပြင်အိမ်နီးချင်းနိုင်ငံများနှင့်
ချိတ်ဆက်နိုင်ရေး ဆက်သွယ်ရေးဂြိုဟ်တုများနှင့် တိုးချဲ့ဆက်သွယ်နိုင်ရေးတို့ကိုဆောင်ရွက်ရမည်။
(၃) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုဝင်ငွေကို နှစ်စဉ်သတ်မှတ်ချက်နှင့်အညီ တိုးမြှင့်ရရှိရေးကို ဆောင်ရွက်ရမည်။
(ဂ) စာပို့တိုက်လုပ်ငန်းရည်မှန်းချက်များ။ စာပို့တိုက်လုပ်ငန်းအား ပြည်သူများ ယုံကြည်စိတ်ချအားထားလာစေရန်အောက်ပါ
အတိုင်းရည်မှန်းချက်များ ထားရှိဆောင်ရွက်ရမည်-
(၁) ကျေးလက်နေပြည်သူများ ထံစာပို့တိုက်လုပ်ငန်းကျယ်ပြန့်စွာရောက်ရှိသွားနိုင်သည်အထိ ဆောင်ရွက်ရမည်။
(၂) ပြည်တွင်း စာပို့တိုက်လုပ်ငန်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်ငန်းသစ်များပူးပေါင်းတိုး
ချဲ့ခြင်းများဆောင်ရွက်ရမည်။
(၃) ပြည်ပစာပို့တိုက်လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမည်။
(၄) ခေတ်မီနည်းစနစ်များအသုံးပြု၍ စာပို့တိုက်လုပ်ငန်းများကို အဆင့်မြှင့်ဆောင်ရွက်ရမည်။
(ဃ) ကြေးနန်းလုပ်ငန်းရည်မှန်းချက်များ။ ကြေးနန်းလုပ်ငန်းအားအောက်ပါအတိုင်း ရည်မှန်းချက်များထားရှိဆောင်ရွက်ရမည်-
(၁) ဝေးလံ၍ ဆက်သွယ်မှုခက်ခဲသောဒေသများတွင် လွယ်ကူစွာဆက်သွယ်နိုင်ရေးအတွက်သမားရိုးကျ ကြေးနန်းစနစ်ဖြင့်
ဆောင်ရွက်ပေးရမည်။
(၂) အရေးပေါ်ကာလတွင် နိုင်ငံအတွင်းအကြောင်းတစ်စုံတစ်ရာကြောင့် ပင်မဆက်သွယ်မှုစနစ်များ ပြတ်တောက်ခဲ့ပါက
သမားရိုးကျကြေးနန်း၊ ရေဒီယို၊ တယ်လီဖုန်းတို့ကို အရန်စနစ်အဖြစ်အသုံးပြုနိုင်ရမည်။
(၃) ခေတ်မီကြေးနန်းဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော Fax, E-mail, Datacomစသည့်လုပ်ငန်းများဖြင့်နိုင်ငံအနှံကျယ်ပြန့်
စွာအသုံးပြုနိုင်ရေးဆောင်ရွက်ပေးရမည်။
( င ) လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးရည်မှန်းချက်များ။ ဆက်သွယ်ရေးကဏ္ဍတွင် လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုး
တက်ရေးအတွက် ဆက်သွယ်ရေးသင်တန်းကျောင်းကိုသင်တန်းအသစ်များ ဘွဲ့လွန်ဒီပလိုမာ (Post-Graduate)နှင့် မဟာအင်
ဂျင်နီယာဘွဲ့(M.E)သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးသုတေသနလုပ်ငန်းများ (Research and Development)တည်ထောင်
နိုင်ရေးဆောင်ရွက်ရမည်။




