minister_news content

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင့်လွင် GSM / UTMS မိုဘိုင်းတိုးချဲ့စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတတ်ရောက်ခြင်းသတင်း

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတတ်ရောက်ဆွေးနွေးခြင်းသတင်း

နေပြည်တော်                                                         ၂၀၁၂ ခုနှစ်၊ မေလ (၃) ရက်

၁။        မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရန်နှင့် နိုင်ငံတော်၏   Tele Density  တိုးတတ်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်  GSM / UMTS မိုဘိုင်း ဆက်သွယ်ရေးတိုးချဲ့မှု့စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှဆက်သွယ်ရေးအဖွဲ့အစည်း များ၊  ကုမ္ပဏီများနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်းကို မေလ(၃) ရက်နေ့တွင် နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် နော်ဝေ နိုင်ငံ Telenor Group တို့၏ ဆက်သွယ်ရေးဆိုင်ရာ အတွေ့အ ကြုံများ ဖလှယ်နိုင်ရေးအတွက်ပြုလုပ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှု အရည် အသွေး မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းမှ အဖွင့်အမှာ စကား ပြောကြားပါသည်။